Trending Now

တရုတ်-မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေကြောင်းဖြတ်သန်းရထားလမ်းသစ် ပထမဆုံးအကြိမ် စတင်

Spread the love

တရုတ်-မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေကြောင်းဖြတ်သန်းရထားလမ်းသစ် ပထမဆုံးအကြိမ် စတင်

EPN
မြစ်ကြီးနား၊ ဧပြီ ၄

တရုတ်-မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ရေကြောင်းဖြတ်သန်းရထားလမ်းသစ်ကို ဧပြီလ ၂ ရက်နေ့က ပထမဆုံးအကြိမ် စတင်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သော တရုတ်-မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ) သည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ အောင်မြင်စွာ စတင်ထွက်ခွာခဲ့သည်ဟု ဆိုသည်။

ယခင်က မြန်မာနိုင်ငံသို့ တင်ပို့သည့် ချုံချင့်မှ ကုန်ပစ္စည်းများကို ရှန်ဟိုင်းသို့ ရထားလမ်းဖြင့် ပို့ဆောင်ရန် လိုအပ်ပြီး ရှန်ဟိုင်းမှ ပင်လယ်ရေကြောင်းသို့ လွှဲပြောင်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိရန် ယေဘုယျအားဖြင့် ရက်ပေါင်း ၃၀ ကျော် ကြာမြင့်ကြောင်း တေလာရီပို့တ် သတင်းဌာနတွင် ဖော်ပြထားသည်။

ယခု တရုတ်-မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ ကြားဖြတ်ရထား ဖွင့်လှစ်ပြီးနောက် ချုံကင်းမှ ကုန်စည်များကို မြန်မာနိုင်ငံသို့ တင်ပို့ရာတွင် သယ်ယူပို့ဆောင်ချိန်ကို ၁၀ ရက်ခန့် တိုတောင်းမည်ဖြစ်ကြောင်း တေလာရီပို့တ် သတင်းဌာနက ဆိုသည်။

ချုံချင့်မှထုတ်လုပ်သော မော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ သယ်ဆောင်လာသည့် အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားသည် ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာ ထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်သံံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်ခြင်းသည် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်က အောင်မြင်မှု မြှင့်တင်ပေးခဲ့ သည်ဟု တရုတ်သံရုံးက ဆိုသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။