Trending Now

သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း အထူးရထားများ ပြေးဆွဲပေးသွားမည်

Spread the love

သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း အထူးရထားများ ပြေးဆွဲပေးသွားမည်

EPN
ရန်ကုန်၊ အောက်တိုဘာ ၂၀ (၂၀၂၃)

ရန်ကုန် – နေပြည်တော်၊ ရန်ကုန် – မန္တလေး၊ ရန်ကုန် – ပြည် အထူးရထားများကို သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန် – နေပြည်တော်၊ ရန်ကုန် – မန္တလေး၊ ရန်ကုန် – ပြည် အထူးရထားများ၏ လက်မှတ်ခ နှုန်းထားများလည်း ပြောင်းလဲခြင်းမရှိဘဲ မူလနှုန်းထားအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“သီတင်းကျွတ် အခါကြီးရက်ကြီးဆိုရင် ဝန်ထမ်းရထားပြေးဆွဲပေးတယ်၊ ခရီးသည်တွေ အတွက်လည်း ထပ်မံတိုးချဲ့ပြေးဆွဲပေးတယ်၊ လက်မှတ်တွေကိုလည်း အခက်အခဲမရှိအောင် ဆောင်ရွက်ပေးသွားပါမယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းသို့ အထူးရထား ရိုးရိုးတန်းအတွက် လက်မှတ်များအား သီတင်းကျွတ်ပိတ်ရက်မတိုင်မီ (၄) ရက် ကြိုတင်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲများအတွက်မူ နှစ်ရက်ကြိုတင်၍ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။