Trending Now

ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး မိသားစု ၅ ယောက်ကို သတ်ဖြတ်

Spread the love

ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး မိသားစု ၅ ယောက်ကို သတ်ဖြတ်

EPN
ဒီပဲယင်း၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဒိုင်နက်ကျေးရွာအုပ်စု၊ ကျည်ရွာ ကုန်းရွာ အနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်၊ မနေ့က ညနေပိုင်းမှာ အကြမ်းဖက်သမားတွေက လူ ၅ ယောက်ရှိတဲ့ မိသားစုကို၊ မိသားစုလိုက် ဝင်ရောက်သတ်ဖြတ်သွားတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေထံက သိရပါတယ်။

“သေဆုံးသူ လူ ၅ ယောက် ကတော့ ဦးတင်ငြိမ်၊ သူရဲ့သမီး မဂျမ်းပုံ အဲ့ဒီ ၂ ယောက်ကို အကြမ်းဖက်သမားတွေက အိမ်ထဲဝင်ပြီး တူမီးသေနတ်နဲ့ အရင်ပစ်သတ်တယ်၊ အဲ့ဒီလို သတ်ဖြတ်နေတဲ့အချိန်မှာ သေဆုံးသူ ဦးတင်ငြိမ်းရဲ့ သမီးဖြစ်သူ မခိုင်ခင်ဦး၊ ဦးလေးတော်စပ်သူ ဦးဖိုထောင်နဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်၊ အဲ့ဒီ သူတို့ သုံးယောက်ဟာ ခြေလျင်ထွက်ပြေးကြတယ်၊ အဲ့ဒီလို ထွက်ပြေးလာတဲ့အခါ ပင်စည်ကျေးရွာဘက်ကိုရောက်တော့၊ ပင်စည်ရွာဘက်က အကြမ်းဖက်သမားတွေက စီးဖမ်းပြီး အိမ်ထဲဝင်သတ်သွားတဲ့ အကြမ်းဖက်အဖွဲ့တွေထံ အပ်ပေးတယ်၊ အဲ့ဒီအခါ အိမ်ထဲဝင်သတ်တဲ့ အကြမ်းဖက်သမားတွေက ထွက်ပြေးတဲ့ သုံးယောက်ကို နောက်ဆက်တွဲ သတ်ပစ်တာ” လို့ သေဆုံးသူတွေနဲ့ ရင်းနှီးတဲ့ ရွာခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ပဲ ဒီပဲယင်းရဲစခန်းက ဖြေကြားပြောဆိုပါတယ်။

ဒါ့အပြင် ကျည်ရွာ ကုန်းရွာဘက်ကိုလည် နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ သွားရောက်နေပြီး ဖြစ်ရပ်မှန်သိရှိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။