Trending Now

အဝတ်မပါတဲ့ တရုတ်စုံတွဲကို သန့်ရှင်းရေးသမားက မြင်တွေ့သွားလို့ ဟိုတယ်ကို တာဝန်ယူဖို့တောင်းဆို

Spread the love

အဝတ်မပါတဲ့ တရုတ်စုံတွဲကို သန့်ရှင်းရေးသမားက မြင်တွေ့သွားလို့ ဟိုတယ်ကို တာဝန်ယူဖို့တောင်းဆို

EPN
နိုင်ငံတကာ၊ မတ် ၂၅

တရုတ်နိုင်ငံက ဇိမ်ခံဟိုတယ်တစ်ခုမှာ တရုတ်စုံတွဲတစ်တွဲက အဝတ်ဗလာနဲ့ ပြတင်းပေါက်လိုက်ကာကိုဖွင့်လိုက်တဲ့အချိန်မှာ ပြတင်းပေါက်သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကို တွေ့လိုက်ရတဲ့အတွက် ဒေါသထွက်သွားပါတယ်။

ရှီ လို့အမည်ပေးထားတဲ့ အမျိုးသားဟာ မတ်လ ၆ ရက်နေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းကမ်းရိုးတမ်းပြည်နယ် ဇီဂျန်းမှာရှိတဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဟန်ဂျိုး ဟိုတယ်မှာ ချစ်သူနဲ့အတူ တစ်ညတာ အပန်းဖြေဖို့အတွက် ၁၆၄၉ ယွမ်(၂၄၀ ဒေါ်လာ) အသုံးပြုခဲ့ပါတယ်။

ရှီ က နောက်နေ့မနက်မှာ မြစ်ရှုခင်းကို ကြည်ရှုဖို့ ကန့်လန့်ကာကိုဖွင့်လိုက်တဲ့အချိန်မှာ ပြတင်းပေါက်သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကို မြင်တွေ့လိုက်ရတဲ့အတွက် အံအားသင့်ခဲ့ရတယ်လို့ ရှန်ဟိုင်းသတင်း က မတ်လ ၂၀ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ပြတင်းပေါက် သန့်ရှင်းရေးလုပ်ရမယ့် အချိန်တွေကို ကြိုတင်အသိမပေးတဲ့အတွက် ဟိုတယ်ကို တောင်းပန်ခိုင်းထားပြီး သူတို့ရဲ့ ဟိုတယ်စာရိတ်တွေကို ပြန်ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် လျော်ကြေးပေးဖို့ တောင်းဆိုထားတယ်လို့ ရှီက ပြောပါတယ်။

ဝန်ထမ်းတွေက သူတို့ရဲ့ တိုင်ကြားချက်ကို ကိုင်တွယ်ဖြေရှင်းနေစဉ် ဟိုတယ်မှာ နောက်ထပ် နှစ်ရက်ထပ်နေဖို့ တောင်းဆိုခဲ့ပေမယ့် နှစ်ရက်ကြာတဲ့အထိ ဟိုတယ် အမှုဆောင်အရာရှိတွေက လာရောက်တောင်းပန်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဟိုတယ်တာဝန်ရှိသူတစ်ဦးက ရာသီဥတုအခြေအနေတွေကြောင့် ပြတင်းပေါက် သန့်ရှင်းရေး လုပ်ဆောင်ရမယ့် အချိန်တွေကို အတိအကျ တိုင်းတာနိုင်ခြင်းမရှိတာကြောင့် စုံတွဲတွေကို အသိပေးနိုင်ခြင်းမရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အသိပေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံက ဇိမ်ခံဟိုတယ်တွေမှာ အခုလိုဖြစ်ပွားခဲ့တာဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ကလည်း မင်းသမီးတစ်ဦးဟာ ပေကျင်းမြို့က ဟိုတယ်တစ်ခုမှာ သုံးနာရီကြာ သော့ခတ်ခံခဲ့ရပြီး အော်ဟစ်အကူအညီတောင်းဆိုခဲ့ပေမယ့် အကူအညီမရရှိခဲ့တဲ့အတွက် ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ref; scmp

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။