Trending Now

လူတစ်ဦး ရှို့သည့်မီးကြောင့် လူဦးရေနှစ်ရာခန့် အိုးမဲ့အိမ်မဲ့ဖြစ်

Spread the love

လူတစ်ဦး ရှို့သည့်မီးကြောင့် လူဦးရေနှစ်ရာခန့် အိုးမဲ့အိမ်မဲ့ဖြစ်

EPN
မုံရွာ၊ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်အတွင်း ယမန်နေ့၊ မေ ၈ ရက် ညနေပိုင်းက လူတစ်ဦး ရှို့သည့် မီးကြောင့် လူဦးရေနှစ်ရာခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်ပွားခဲ့သည့်နေရာမှာ မြင်းမူမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအုပ်စု၊ စိုင်မြစ်ကျေးရွာတွင် ဖြစ်ပြီး မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ် အချိန်ခန့်က စိုင်းမြစ်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ဝင်းဇော်လင်း ဆိုသူမှ အရက်ကြောင်၍ တစ်ရွာတည်းနေ ဦးဖိုးကို(ခ)ဦးမြင့်ကို၏ နေအိမ်အဖီအား မီးရှို့ရာ ထိုမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ် ၄၅ လုံး ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာ နေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၊ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ ချောင်းဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ နယ်မြေမီးသတ်စခန်းများမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ရေသည်ကားများ ဒေသခံပြည်သူများကပါ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ၊ (၄)နာရီ မိနစ်(၄၀)အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ခြေ ၄၅ လုံး၊ ထွန်စက်တစ်စီး၊ စပါး ၅၀ တင်း မီးလောင်းဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကျပ်သိန်း ၂၈၀ ကျော် ဆုံးရှုံးခဲ့ကာ အိမ်ထောင်စု ၅၂ စု မှ လူဦးရေ ၁၈၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းဇော်လင်းအား တောချောင်းဦး နယ်မြေရဲစခန်းက (ပ)၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကိုထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။