Trending Now

ဗန်းမော်မြို့တွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

Spread the love

ဗန်းမော်မြို့တွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲမှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ အလယ်ရပ်ကွက်၊ကမ်းနားလမ်း မိုးမလင်းဈေးအနီး ရွှေကျောင်းဘုန်းကြီးကျောင်း အုတ်နံရံတွင် အမျိုးသားတစ်ဦး မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် လျှော့ဖြစ်ကာ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ နေ့လည် ၁၂ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း ဗန်းမော် ပရဟိတအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ဗန်းမော်မြို့ အလယ်ရပ်ကွက်၊ကမ်းနားလမ်း မိုးမလင်းဈေးအနီး ရွှေကျောင်းဘုန်းကြီးကျောင်း အုတ်နံရံတွင် ၎င်းအမျိုးသားမှာမှီလျှက်ထိုင်နေပြီး ပါစပ်အတွင်းမှ အမြှုပ်များထွက်လာကာ အသက်ငင်နေသည့်အတွက် အနီးရှိမျက်မြင်များမှ ဗန်းမော်ပရဟိတအသင်းကို ဆက်သွယ်အကြောင်းကြား၍ အဆိုပါ ပရဟိတအသင်းမှ ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့ရကြောင်း ဗန်းမော်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ကိုအကြောင်းကြားလာတော့သွားရောက်ကူညီပေးတဲ့အခါသူကအသက်တော့ရှိသေးတယ်၊အသက်ရှုမဝတာမျိုးဖြစ်နေတယ်၊ပါစပ်ကလည်းအမြှုပ်တွေထွက်နေတာ၊ဆေးရုံကိုပို့ပေးတော့ဆေးရုံအရောက်မှာပဲသူ့အသက်ကမရှိတော့ဘူး၊သူကဘယ်ကလည်းမသိရဘူး၊သူ့မှာဆိုင်ကယ်တစ်စီးနှင့်အိပ်တလုံးရယ်၊ ငွေသားအချို့နဲ့ ဆေးလက်မှတ်တော့ပါတယ်၊ မှတ်ပုံတင်ကြတော့မရှိဘူး၊ နာမည်လည်း မသိရဘူး၊အသက်ကတော့ ၃၀ ဝန်းကျင်လောက်ရှိမယ်၊ အခုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက သူ့ရဲ့ဆွေမျိုးတွေကို စစ်ဆေးနေတုန်းပဲ”ဟု ၎င်းကဆိုသည်။

အဆိုပါ မူးယစ်ဆေးကြောင့်သေဆုံးသူရဲ့ ဆွေမျိုးများကို စုံစမ်းနေဆဲဖြစ်သည့်အတွက် ၎င်း၏ရုပ်အလောင်းကို ဗန်းမော်ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင်ထားလျှက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။