Trending Now

The Voice Myanmar/Season3မှ အဆိုတော် ဟိန်းသူစိုး မှုးယစ်မှုနှင့်ဖမ်းဆီးခံရ

Spread the love

The Voice Myanmar/Season3မှ အဆိုတော် ဟိန်းသူစိုး မှုးယစ်မှုနှင့်ဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ဆရာစံလမ်းရှိ ဟိုတည်တစ်ခုမှ The Voice Myanmar/Season3 အဆိုတော် ဟိန်းသူစိုး(ခ)Shake အား မှုးယစ်မှုနှင့်ဖမ်းဆီးခံရကြောင်း မှုးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၂၅ ရက် ညနေပိုင်း ၂နာရီ ၄၅မိနစ်အချိန် ဗဟန်းမြို့နယ်၊ ဆရာစံလမ်းရှိဟိုတည်တစ်ခုအတွင်းရှိ အခန်းအား မှုးယစ်သတင်းအရ ဝင်ရောက်ရှာဖွေရာ တည်းခိုနေသူ ဟိန်းသူစိုး(ခ)Shake နှင့် နိုင်လွင် တို့အားတွေ့ရှိပြီး အဆိုတော် ဟိန်းသူစိုး(ခ)Shake ထံမှ အက်တက်စီဆေးပြား ၅၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀)၊ ကတ်တမင်းအလေးချိန် ၃ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁.၅သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မှုးယစ်မှုနှင့်ပက်သက်၍ The Voice Myanmarအဆိုတော် ဟိန်းသူစိုး(ခ)Shake(၁၉)နှစ်၊ နှင့် နိုင်လွင်(၃၀)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားလျှက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။