Trending Now

မျောက်ကျောက်ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မည်

Spread the love

မျောက်ကျောက်ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်မည်

EPN
မြစ်ကြီးနား၊ မေ ၂၄

မျောက်ကျောက် (Monkeypox) ရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မျောက်ကျောက် ရောဂါရဲ့ သဘောသဘာဝအရ မြန်မာနိုင်ငံမှာ ဖြစ်ပွားနိုင်ခြေ နည်းပါးပေမယ့် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျောက်ရောဂါတွေနဲ့ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုရမယ့် လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်” ဟု ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က ပြောသည်။

မျောက်ကျောက်(Monkeypox)ကူးစက်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားမှုများကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး နိုင်ငံတွင်း လက်ရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မျောက်ကျောက် (Monkeypox) ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ ကူးစက်တတ်သည်ဖြစ်၍ မွေးမြူရေးနှင့် ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းလည်း ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောဆိုခဲ့သည်။

ထို့အပြင် ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။