Trending Now

ပူတာအိုမြို့တွင် ကားလမ်းများပိတ်ထားမှုကြောင့် ဆီဆိုင်များတွင် ဆိုင်ကယ်နှင့် သုံးဘီများကိုသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေ

Spread the love

ပူတာအိုမြို့တွင် ကားလမ်းများပိတ်ထားမှုကြောင့် ဆီဆိုင်များတွင် ဆိုင်ကယ်နှင့် သုံးဘီများကိုသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေ

EPN
မြစ်ကြီးနား၊ ဧပြီ ၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကားလမ်းများကို ယာယီရပ်နားထားပြီး ကားလမ်းပိတ်ဆို့မှုများကြောင့် စက်သုံးဆီများ ပြတ်လတ်ကာ ဆိုင်ကယ်နှင့် သုံးဘီးများကိုသာ အကန့်အသတ်ဖြင့်ရောင်းချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ ကားလမ်းပိတ်ထားမှုကြောင့် ဒေသခံများအနေဖြင့် ကုန်သွယ်စီးဆင်းမှုများ ရပ်တန့်သွားသည့်အပြင် မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်းများမှာလည်း ကားများကို ဓာတ်ဆီ ရောင်းချခြင်းမပြုဘဲ၊ ဆိုင်ကယ်နှင့် သုံးဘီးများကို အများဆုံး (၅)ထောင်ကျပ်နှုန်း အထိသာရောင်းချပေးနေရကြောင်း ပူတာအိုမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

” ကားလမ်းတွေ ပိတ်ထဲကိုက ကုန်သွယ်ရေးတွေ အကုန်ရပ်သွားတယ်။ ဆီကားတွေလဲ မဝင်တော့ ဆီတွေလဲ ပြတ်ကုန်ပြီ။ စစချင်းက ကားတွေလဲရောင်းပေးသေးတယ်။ တစ်ပတ်လောက်ရှိသွားပြီ ကားတွေမရောင်းပေးတော့ဘဲ ဆိုင်ကယ်နဲ့ သုံးဘီးပဲ ရောင်းပေးတော့တယ်။ လိုသလောက် မရောင်းချပေးတော့ဘူး။ (၅)ထောင်က အများဆုံးရောင်းပေးတာ။ ဆိုင်းတိုင်းလဲ မရောင်းပေးတော့ဘူး။ (၂)ဆိုင် (၃)ဆိုင်လောက်ပဲရောင်းချပေးနေတာ ” ဟု ၎င်းကပြောသည်။

၎င်းအပြင် ကုန်သွယ်ရေးများ ပြတ်တောက်နေမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံစားသောက်ကုန်များ၊ ခရမ်းချဉ်သီးနှင့် ကြက်ဥများမှာ ဝယ်ယူ၍ မရနိုင်တော့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

” အမတို့ ဒီဘက်မှာတော့ ကြက်ဥကဈေးကောင်းတယ်။ တစ်ကဒ်သုံးသောင်းကျော်လောက် ပေးဝယ်ရပေမယ့်၊ ဝယ်စရာကြက်ဥလဲ မရှိတော့ဘူး။ ခရမ်းချဉ်သီးလဲ အတူတူပဲ။ ဈေးကောင်းပေမယ့် ဝယ်ဖို့မရှိတော့ဘူး။ မြစ်ကြီးနားကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအကုန် ရှားပါးနေပြီဖြစ်တယ် ” ဟု၎င်းကပြောသည်။

မတ်လ (၉)ရက်နေ့မှ စတင်ကာ ဆွမ်ပရာဘွမ်မြို့၊ မလိယာန်ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားကာ ကားလမ်များကို ယာယီရပ်နားထားရပြီး၊ လက်ရှိတွင် ရက်ပေါင်း (၂၀)ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။