Trending Now

နတ်မောက်မြို့တွင် တရားသူကြီးတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

နတ်မောက်မြို့တွင် တရားသူကြီးတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

EPN
နတ်မောက်၊ ဖေဖော်ဝါရီ ၁၄ (၂၀၂၄)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကမ်းပြိုရွာသစ်တွင် နေထိုင်သည့်တရားသူကြီးတစ်ဦး ဖေဖော်ဝါရီ ၁၃ ရက်၊ မနက် ၁၀ နာရီက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ကမ်းပြိုကျေးရွာတွင် နေထိုင်သော အသက် ၃၂ နှစ်ဝန်းကျင်အရွယ်တရားသူကြီး ဦးထွန်းထွန်းနိုင်ဖြစ်ပြီး၊ နေအိမ်တွင်ရှိနေစဉ် အမည်မသိ သေနတ် သမားများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” တရားသူကြီးက မနေ့က သူ့နေအိမ်မှာ ပစ်သတ်ခံရတာ။ သေနတ်ဒဏ်ရာ ခြောက်ချက်လောက်နဲ့ ဆုံးသွားတာ။ သူက ဆင်ပေါင်ဝဲမြို့နယ်ဘက်မှာ တာဝန်ကျတာပါ ” ဟု ၎င်းကပြောသည်။

တရားသူကြီး ဦးထွန်းထွန်းနိုင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ စစ်ဆေးထားပြီး၊ နိုင်ငံ့ဝန်ထမ်းကို သတ်ဖြတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။