Trending Now

ဗြိတိန်ပြတိုက်က ခိုးယူခံရတဲ့ ရှေးဟောင်းပစ္စည်း ၂၀၀၀ ထဲက တချို့ကို ပြန်တွေ့

Spread the love

ဗြိတိန်ပြတိုက်က ခိုးယူခံရတဲ့ ရှေးဟောင်းပစ္စည်း ၂၀၀၀ ထဲက တချို့ကို ပြန်တွေ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၈

ဗြိတိန်ပြတိုက်ကနေ အတွင်းလူ ခိုးယူသွားတယ်လို့ ယူဆရတဲ့ ရှေးဟောင်းပစ္စည်း ၂၀၀၀ ထဲက တချို့ကိုပြန်လည်တွေ့ရှိခဲ့ကြောင်း ပြတိုက်အကြီးအကဲ ဂျော်ဂျာအုပ်စ်ဘွန်းက စနေနေ့က ပြောပါတယ်။

ခိုးယူခံလိုက်ရဲ့ ရှေးဟောင်းပစ္စည်းတွေထဲမှာ ရွှလက်ဝတ်ရတနာတွေ၊ ကျောက်မျက်ရတနာတွေနဲ့ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတွေ ပါဝင်ပြီး အခုသတင်းမထွက်လာမီအထိ လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိပါဘူး။

လွဲမှားစွာကိုင်တွယ်မှုကြောင့် ပြတိုက်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့ကြောင်း ပြတိုက်ဥက္ကဌ ဂျော်ဂျာအုပ်စ်ဘွန်းက ဝန်ခံခဲ့ပြီး ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ရရှိဖို့ ပြတိုက်က အရှေးဟောင်းအသိုက်အဝန်းနဲ့ အနုပညာပြန်လည်ထူထောင်ရေး ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ခိုးယူမှုသံသယနဲ့ ပြတိုက်ဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်ခဲ့ပြီး ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှီအချိန်အထိ ဖမ်းဆီးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။