Trending Now

ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးက သူ့ကိုယ်သူ သတ်သေ

Spread the love

ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးက သူ့ကိုယ်သူ သတ်သေ
EPN
ရေဦး ၊စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ ၊ ရေဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးဟာ မနေ့ စက်တင်ဘာ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်မှာ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်ပြီး သေဆုံးသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။
” မနေ့က တနေကုန် ခရိုင်မှူးက အိမ်ထဲ အိမ်ပြင်မထွက်ဘူး ၊ ညနေပိုင်ရောက်တော့ သူ့အိမ်က ပိတ်ထားတဲ့အပေါက်ကို ဆွဲဖွင့်ဝင်ပြီး ကြည့်တော့ ခရိုင်မှူးဟာ သူ့ကိုင်တဲ့ သာတီတူ ခြောက်လုံးပြူးနဲ့ သူ့ကိုယ်သူ ပစ်သတ်သေနေတာ တွေ့ရတယ် ” လို့ ရေဦး ရဲအသိုင်းအဝိုင်းက ပြောပါတယ်။
သေဆုံးသူ ဒုရဲမှူးကြီးဟာ ရဲအရာရှိ အပတ်စဥ် ရမ်ဂါ ၁၆ က ယာယီ ဒုရဲမှူးကြီး ဝင်းနိုင် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက အတည်ပြု ပါတယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ အဲ့ဒီ ယာယီ ဒုရဲမှူးကြီးဟာ ရေဦးခရိုင်မှာ ပထမဆုံး ခရိုင်မှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၊ ဒီနှစ်ဦးပိုင်းက ရွှေဘိုခရိုင်ကနေ ရေဦးခရိုင် ခွဲထွက်ပြီးနောက်ပိုင်း တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတာ လပိုင်ပဲ ကြာမြင့်သေးတယ်လို့ သိရပါတယ်။
ရေဦးခရိုင်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ မေ လကစလို့ အခုထိ မိုင်းကွဲတာတွေ ၊ ပစ်ခတ်တိုက်ခိုက်တာတွေ ၊ ကျေးရွာတွေ မီးရှို့ခံရတာတွေနဲ့ တန့်ဆည်မြို့ဝင်ဂိတ် ရဲ ၅ ဦး ပစ်သတ်ခံရတာတွေ ရှိတာကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူးဟာ အခုလို သူ့ကိုယ်သူ သတ်သေတာဖြစ်နိုင်တယ်လို့ ရေဦးမြို့ခံတွေက ထင်ကြေးပေးပြောဆိုနေတာတွေလည်း ရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၁ ခုရှိတဲ့အနက် ရေဦးခရိုင် ရဲတပ်ဖွဲ့မှူး သေဆုံးရခြင်းဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။