Trending Now

စစ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

Spread the love

စစ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၁၀

အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားသဲကန္တာရတွင် MV-22B Osprey စစ်လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မရိန်းတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပန်ဒယ်လ်တွန် အခြေစိုက်စခန်းက မရိန်းတပ်ဖွဲ့ဝင်တွေဟာ ဇွန် ၈ ရက် မွန်းလွဲပိုင်းက မှာပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုမစ်ရှင်တစ်ခုအတွင်း လေယာဉ်ပျက်ကျပြီးနောက် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ လေတပ် အထွေထွေကွပ်ကဲရေးမှူး ဗိုလ်ချုပ် Bradford Gering ကပြောပါတယ်။

မရိန်းတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်အပျက်အစီးတွေကို လိုက်လံသိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ပင်တဂွန်မှုဝါဒအရ သေဆုံးသူတွေရဲ့ အမည်ကိုတော့ ၂၄ နာရီအတွင်း ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

MV-22B Osprey လေယာဉ်ဟာ မရိန်းတပ်ဖွဲ့ဝင် ၅ ဦး တင်ဆောင်လျက် ဒေသစံတော်ချိန် နေ့လယ် ၁၂ခွဲ အချိန်ခန့်က ဆန်ဒီရေဂိုမြို့ အရှေ့ဘက် ၁၈၅ ကီလိုမီတာခန့်အကွာမှာ ပျက်ကျသွားခဲ့တာဖြစ်ကြောင်း မရိန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် အဲ့ဒီ လေယာဉ်ထွက်ခွာချိန်မှာ နျူကလီးယားပစ္စည်းတွေ တင်ဆောင်သွားခဲ့တယ်ဆိုတဲ့ လူမှုကွန်ရက်ပေါ်က အစောပိုင်းသတင်းများဟာ မှားယွင်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။