Trending Now

အိန္ဒိယက စစ်သင်္ဘောတစ်စီး ဗီယက်နမ်ကို လက်ဆောင်ပေး

Spread the love

အိန္ဒိယက စစ်သင်္ဘောတစ်စီး ဗီယက်နမ်ကို လက်ဆောင်ပေး

EPN
နိုင်ငံတကာ၊ ဇွန် ၂၉

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ကော်ဗက် စစ်သင်္ဘောတစ်စီးကို အိန္ဒိယနိုင်ငံက ဗီယက်နမ်ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်ပါတယ်။

ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ INS Kirpan သင်္ဘောဟာ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ အရှေ့ဘက် ကမ်းရိုးတမ်းကနေ ထွက်ခွာသွားပြီဖြစ်ကြောင်း ရေတပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ယခင်က မော်လဒိုက်နဲ့ မောရစ်သျှတို့လို နိုင်ငံငယ်တွေကို သေးငယ်တဲ့ သင်္ဘောတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း ရေငုပ်သင်္ဘောတစ်စင်း ပေးအပ်ခဲ့ပါတယ်။

ဒီစစ်သင်္ဘောလွဲအပြောင်းမှုဟာ မာဟာမိတ်နိုင်ငံတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရာမှာ အကူအညီပေးတဲ့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့ ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

“အိန္ဒိယနိုင်ငံမှာ အပြည့်အဝ လည်ပတ်နေတဲ့ ကော်ဗက်တစီးကို ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံခြားတိုင်းပြည်ကို လက်ဆောင်ပေးအပ်တဲ့ ပထမဆုံးသော အခမ်းအနားပါပဲ။” လို့ ရေတပ်က ပြောပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Phan Van Giang အခုလအစောပိုင်းက အန္ဒိယနိုင်ငံကို လာရောက်လည်ပတ်စဉ်မှာ စစ်သင်္ဘောကို လက်ဆောင်အဖြစ် ပေးအပ်ဖို့ အန္ဒိယက ကြေညာခဲ့တာဖြစ်ပါတယ်။

အဆိုပါ စစ်သင်္ဘောကို ၁၉၉၁ ခုနှစ်က အိန္ဒိယရေတပ်မှာ တာဝန်ပေးအပ်ခဲ့တာဖြစ်ပြီး နိုင်ငံအတွင်း ဒီဇိုင်းထုတ်ကာ ဆောက်လုပ်ခဲ့တဲ့ စစ်သင်္ဘောဖြစ်ပါတယ်။

စစ်သင်္ဘောမှာ တာလတ်ပစ် နဲ့ အနီးကပ် ပစ်ခတ်နိုင်တဲ့ သေနတ်တွေတပ်ဆင်ထားပြီး Surface-to-surface missile တွေတပ်ဆင်ထားကြောင်း ရေတပ်ကပြောကြားခဲ့ပါတယ်။ လွဲပြောင်းမှုအတွင်းမှာ ဒုံးကျည်တွေ ပါဝင်ခြင်းရှိမရှိကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။