Trending Now

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီဟု နယူးဇီလန် ကြေညာ

Spread the love

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ပြီဟု နယူးဇီလန် ကြေညာ

EPN
နိုင်ငံတကာ၊ ဇွန် ၈

နယူးဇီလန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဖယ်ရှားပစ်ခဲ့ပြီး နယ်စပ်ထိန်းချုပ်မှုများမှလွဲ၍ ကန့် သတ်ထိန်းချုပ်မှု အစီအမံအားလုံး ရုတ်သိမ်းမည်ဖြစ်ရာ ထိုသို့လုပ်ဆောင်သည့် ပထမဆုံးသော တောင်ပစိဖိတ်နိုင် ငံ ဖြစ်လာခဲ့ကြောင်း ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က ယနေ့ ပြောကြားလိုက်သည်။

အမျိုးသားသတိပေးချက် အဆင့် ၂ မှ အဆင့် ၁ သို့ ပြောင်းစဉ် အစိုးရက ယနေ့ည သန်းခေါင်ယံချိန်မှစ၍ ခပ်ခွာခွာနေကန့်သတ်ချက်များ ရုတ်သိမ်းမည်ဟု ဂျာစင်ဒါက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။

ပြည်သူနှင့် ပုဂ္ဂလိကအခမ်းအနားများ၊ လက်လီနှင့်ဝန်ဆောင်မှုလုပ်ငန်းများ၊ အများပြည်သူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများက ကမ္ဘာတစ်ဝန်း ချမှတ်ထားဆဲ ခပ်ခွာခွာနေစံနှုန်းများမလိုပဲ ပြန်လည်စတင်နိုင်ပြီဖြစ် သည်။ လုပ်ငန်းစဉ် မပြီးမြောက်သေးသော်လည်း သမိုင်းမှတ်တိုင်တစ်ခုဆိုသည်မှာ မငြင်းနိုင်ကြောင်း ၄င်းက ပြောသည်။

လူဉီးရေ ၅ သန်းရှိသော နယူးဇီလန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအကျပ်အတည်းမှ လွတ်မြောက် လာစဉ် ဘရာဇီး၊ ဗြိတိန်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံကဲ့သို့သော စီးပွားရေးအင်အားကြီး တိုင်းပြည်များက အဆို ပါဗိုင်းရပ်စ်ဒဏ် အလူးအလဲခံနေရသည်။

ယခုအခါ နယူးဇီလန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ဖယ်ရှားနိုင်ခဲ့ပြီဟု ယုံကြည်သော်လည်း အဆိုပါဗိုင်းရပ်စ်ကို ဖယ်ရှားမှုက အချိန်မီဆောင်ရွက်မှုမဟုတ်ဘဲ အားတက်စေသော ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း ဂျာစင်ဒါက ဆို သည်။

နယူးဇီလန်နိုင်ငံတွင် ဖေဖော်ဝါရီလနှောင်းပိုင်းက ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန်နောက် ပိုင်း ရောဂါလက္ခဏာပြသည့် ကူးစက်မှုမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ ၁၁၅၄ ဦးနှင့် သေဆုံးသူ ၂၂ ဦးရှိကြောင်း နယူးဇီလန်နိုင်ငံက ထုတ်ပြန်ခဲ့သည်။

“ဖေဖော်ဝါရီလ ၂၈ ရက်နောက်ပိုင်း ရောဂါလက္ခဏာပြတဲ့ ကူးစက်မှုမရှိတာ သိသာထင်ရှားတဲ့ အမှတ်သ ညှာတစ်ခုဖြစ်ပေမယ့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတိဝီရိယရှိမှုက ဆက်လက်ပြီး မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်” ဟု ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အက်ရှ်လေဘလွန်းဖီးက ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ဖယ်ရှားပစ်ခြင်းမှာ အပြီးတမ်း အမြစ်ပြတ်ပစ်ခြင်းဟု မဆိုလိုသော်လည်း နောက်ဆုံး ကူးစက်ခံရသည့်လူနာ သီးသန့်ခွဲနေမှုပြီးဆုံးပြီးနောက် အတိုင်းအတာတစ်ခုအထိ ကူးစက်မှုကွင်းဆက်များ ရပ် တန့်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

–ကိုးကား–တီအာတီဝါး
Ref; New Zealand declares itself coronavirus-free


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။