Trending Now


Spread the love


EPN
ချီဖွေ၊ စက်တင်ဘာ ၁၅


ချီဖွေမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာခြင်းဆက် လမ်းများပျက်စီးနေသဖြင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဆန်းလင်းကုမ္ပဏီမှ သြဂုတ်လ ၂၁ ရက်နေ့မှ စ၍ ယနေ့အထိ စက်ယန္တယားများအသုံးပြုလျှက် ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း လမ်းပြုပြင်ရေးအဖွဲ့ခေါင်းဆောင် ကိုမျိုးမှ ပြောသည်။

“မိုးရေကြောင့် ပျက်စီးသွားတဲ့ကျးရွာချင်းဆက်လမ်း ချီဖွေ-ဖီမော်ဆက်သွယ်ထားတဲ့ လမ်းမကြီးအတိုင်း လန်းယန်ကျေးရွာအုပ်စုအထိ လမ်းမကြီးတလျောက်ပြုပြင်ပေးနေတယ်၊ နောက်ရေမြောင်းဖောက်ပေးတယ်၊ ထွန်းရှိန်ကျေးရွာက မြေပြိုပြီး အိမ်ပါသွားတဲ့ ဦးခေါဇုန်းအိမ်နေရာကို မြေကွက်ပြန်လည်ဖော်ပေးတယ်၊ ထွန်းရှိန်ကျေးရွာ ဘုရားကျောင်းအတက် ပေ(၆၀၀)လမ်းမ ဖောက်လုပ်ပေးခဲ့တယ်၊ ဂမ်ခွင်းကျေးရွာအုပ်စု ဘုရားကျောင်းဝင်းမှာ အဆောင်ဆောက်လုပ်မယ့် မြေနေရာကို ညှိပေးခဲ့တယ်၊ နောက်ပြီး ဂွမ်ခွင်း၊ လုံဘန်၊ ဆော့လန်၊ ဗွေလမ်အုပ်စု ပိုင် ဘောလုံးကွင်းဖောက်လုပ်ပေးတာတွေကို ချီဖွေမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်က ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ရဲ့ လမ်းညွှန်ချက်နဲ့အတူ ကျနော်တို့ ဆန်းလင်းကုမ္ပဏီက ဆောင်ရွက်ပေးလျှက်ရှိပါတယ်”လို့ လမ်းပြုပြင်ရေးအဖွဲ့ခေါင်းဆောင် ကိုမျိုးက ပြောပြသည်။

ဆက်လက်ပြီး လမ်းပြုပြင်ရေးအဖွဲ့ခေါင်းဆောင် ကိုမျိုးက ” ကျေးရွာချင်းဆက် လမ်းတလျောက် လမ်းပြင်တာတို့၊ ရေမြောင်းဖောက်ပေးတာတို့ကို ဆောင်ရွက်ပေးနေခဲ့တာ အခုဆို တစ်လနီးပါးရှိနေပြီ၊ အရင်ရက်ပိုင်းကဆို မိုးကအဆက်မပြတ်ရွာနေတော့ တစ်ရက်ကို နှစ်မိုင်လောက်ပဲ ခရီးပေါက်တယ်၊ ရွာနီးချုပ်စပ် ဘာသာရေးခေါင်းဆောင်တွေနဲ့ ရွာသားများကတော့ ကျနော်တို့ လမ်းပြင်တဲ့အဖွဲ့သားတွေကို ထမင်းချက်ကျွေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့သည်။


 


ကိုဖြိုး
——————————————————————————–
 

မိုးများသဖြင့် ပျက်စီးသွားသော ကျေးရွာခြင်းဆက်လမ်းပိုင်းအား ဆန်းလင်းကုမ္ပဏီမှ စက်ယန္တယားကြီးများဖြင့် ပြုပြင်ပေး
EPN
ချီဖွေ၊ စက်တင်ဘာ ၁၅

ကချင်ပြည်နယ် အထူးဒေသ(၁)ရှိ ချီဖွေမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာခြင်းဆက်လမ်းပိုင်းများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်၏ လမ်းညွှန်မှုဖြင့် ဆန်းလင်းကုမ္ပဏီမှ စက်ယန္တယားများ အသုံးပြုလျှက် ပြုပြင်ပေးလျှက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာခြင်းဆက် လမ်းများပျက်စီးနေသဖြင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ဆန်းလင်းကုမ္ပဏီမှ သြဂုတ်လ ၂၁ ရက်နေ့မှ စ၍ ယနေ့အထိ စက်ယန္တယားများအသုံးပြုလျှက် ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း လမ်းပြုပြင်ရေးအဖွဲဲ့ခေါင်းဆောင် ကိုမျိုးမှ ပြောသည်။

“မိုးရေကြောင့် ပျက်စီးသွားတဲ့ကျးရွာချင်းဆက်လမ်း ချီဖွေ-ဖီမော်ဆက်သွယ်ထားတဲ့ လမ်းမကြီးအတိုင်း လန်းယန်ကျေးရွာအုပ်စုအထိ လမ်းမကြီးတလျောက်ပြုပြင်ပေးနေတယ်၊ နောက်ရေမြောင်းဖောက်ပေးတယ်၊ ထွန်းရှိန်ကျေးရွာက မြေပြိုပြီး အိမ်ပါသွားတဲ့ ဦးခေါဇုန်းအိမ်နေရာကို မြေကွက်ပြန်လည်ဖော်ပေးတယ်၊ ထွန်းရှိန်ကျေးရွာ ဘုရားကျောင်းအတက် ပေ(၆၀၀)လမ်းမ ဖောက်လုပ်ပေးခဲ့တယ်၊ ဂမ်ခွင်းကျေးရွာအုပ်စု ဘုရားကျောင်းဝင်းမှာ အဆောင်ဆောက်လုပ်မယ့် မြေနေရာကို ညှိပေးခဲ့တယ်၊ နောက်ပြီး ဂွမ်ခွင်း၊ လုံဘန်၊ ဆော့လန်၊ ဗွေလမ်အုပ်စု ပိုင် ဘောလုံးကွင်းဖောက်လုပ်ပေးတာတွေကို ချီဖွေမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ်က ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်ရဲ့ လမ်းညွှန်ချက်နဲ့အတူ ကျနော်တို့ ဆန်းလင်းကုမ္ပဏီက ဆောင်ရွက်ပေးလျှက်ရှိပါတယ်”လို့ လမ်းပြုပြင်ရေးအဖွဲဲ့ခေါင်းဆောင် ကိုမျိုးက ပြောပြသည်။

ဆက်လက်ပြီး လမ်းပြုပြင်ရေးအဖွဲဲ့ခေါင်းဆောင် ကိုမျိုးက ” ကျေးရွာချင်းဆက် လမ်းတလျောက် လမ်းပြင်တာတို့၊ ရေမြောင်းဖောက်ပေးတာတို့ကို ဆောင်ရွက်ပေးနေခဲ့တာ အခုဆို တစ်လနီးပါးရှိနေပြီ၊ အရင်ရက်ပိုင်းကဆို မိုးကအဆက်မပြတ်ရွာနေတော့ တစ်ရက်ကို နှစ်မိုင်လောက်ပဲ ခရီးပေါက်တယ်၊ ရွာနီးချုပ်စပ် ဘာသာရေးခေါင်းဆောင်တွေနဲ့ ရွာသားများကတော့ ကျနော်တို့ လမ်းပြင်တဲ့အဖွဲ့သားတွေကို ထမင်းချက်ကျွေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့သည်။

ထွန်းရှိန်ကျေးရွာမှ ဦးခေါဇုန်းကလဲ “မိုးရေတွေကြောင့် အိမ်နဲ့ ခြံဝင်းတစ်ခုလုံးနီးပါး မြေတွေမျှောပါသွားတယ်၊ အခုတော့ ဆန်းလင်းကုမ္ပဏီက မြေကွက်ပြန်ဖော်ပေးလို့ အဆင်ပြေသွားပြီ ဆန်းလင်းကုမ္ပဏီနဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးယိန်းဆောင်ကိုလဲ ကျေးဇူးအရမ်းတင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆန်းလင်းကုမ္ပဏီမှ ပျက်စီးနေသည့် ရွာခြင်းဆက်လမ်းအား ပြုပြင်ရာတွင် ဘက်ဖိုး ၁စီး၊ လုပ်ဒါယာဉ် ၂စီး၊ မြေသယ်ယာဉ် ၁စီး၊ အုပ်ချုပ်မှုယာဉ် ၁စီး လူအင်အား ၈ဦးဖြင့် သြဂုတ်လ ၂၁ ရက်နေ့မှ ယနေ့အထိ နေ့စဉ် နံနက် ၆နာရီမှ ညနေ ၅နာရီခွဲအချိန်အထိ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကိုဖြိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။