Trending Now

ကောလင်း-ထီးချိုင့်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူအမျိုးသား ၂ ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀ ခန့် ဖမ်းဆီးရမိ

Spread the love

ကောလင်း-ထီးချိုင့်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူအမျိုးသား ၂ ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀ ခန့် ဖမ်းဆီးရမိ

EPN
ခန်သာ၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း-ထီးချိုင့်လမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူအမျိုးသား ၂ ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀ ခန့် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခန်သာရဲကင်းမှူး ဒုရဲအုပ် ဝိုင်းချစ်ဦး သည် ရဲတပ်ကြပ်ကြီး ကျော်မင်းထိုက်၊ တပ်ကြပ် စိန်လှ၊ သိန်းစိုးနိုင်၊ အသိသက်သေ ဦးအောင်သန်း(ခန်သာရွာ)တို့နှင့်အတူ မတ်၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးသတင်းအရ ကောလင်း-ထီးချိုင့် လမ်းပေါ်ရှိ ကညွှတ်အင်းကျေးရွာအရှေ့ ချောင်းအနီး စောင့်ဆိုင်းနေကြစဉ် ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ဟန်ဇော်ဦး မောင်းနှင်လာပြီး ချွန်းတောင်ကျေးရွာနေ မြင့်ဆန်း နောက်မှထိုင်လိုက်လာသော YINXING 125 အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေကြရာ ဆိုင်ကယ်တူးလ်ဘောက်အတွင်း လွယ်အိတ်ထဲမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၁၉၀)ပါ အထုပ်(၂)ထုပ်၊ စုစုပေါင်းစိတ်ကြွဆေးပြား (၃၈၀)ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသော ဟန်ဇော်ဦး (၃၁)နှစ် (ဘ) ဦးဝင်းအောင် ညောပင်သာကျေးရွာ ထီးချိုင့်မြို့နယ်၊ မြင့်ဆန်း (၄၂)နှစ် (ဘ) ဦးကျောက်ခဲ ချွန်းတောင်ကျေးရွာ ထီးချိုင့်မြို့နယ် နေထိုင်သူတို့ ၂ ဦးအား မူးယစ်ဆေးဝါးဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။