Trending Now

မန်းရွှေစက်တော်ဘုရားနယ်မြေအတွင်း ငါးမိုင်းခွဲရာက အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိ

Spread the love

မန်းရွှေစက်တော်ဘုရားနယ်မြေအတွင်း ငါးမိုင်းခွဲရာက အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိ

မကွေး၊ ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်)ဘုရားကျေးရွာ အရှေ့တောင်ဘက်(၅)ဖာလုံအကွာရှိ မန်းရွှေစက် တော်ဘုရားနယ်မြေငှက်ပျောဝအနီးမန်းချောင်းအတွင်း ငါးမိုင်းခွဲရာက အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ဇွန်လ ၂ ရက် ညနေ ၃ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးအနက်တစ်ဦးက ငါးလှန့်ရန်အတွက် ကျောက်ခဲကောက်နေဆဲအချိန်တွင် ကျန် တစ်ဦးက လက်လုပ်မိုင်းကိုချောင်းရေသို့ ပစ်ချခဲ့ရာ ရေထဲသို့ မရောက်ခင်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပွင့်ဖြူမြို့နယ် ဝဲဒေါင့်ကျေးရွာနေထိုင်သူ ကိုလင်းလင်းမိုး(၃၇)နှစ်နှင့် မင်းဘူး(စကုမြို့နယ်) ဘုရား ကျေးရွာနေထိုင်သူ ဘုရားအရံစောင့်ဝန်ထမ်းမောင်ဦး(ခ)အောင်ဇော်နိုင် (၂၅) နှစ်တို့ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်စိုးထံကသိရသည်။

ပေါက်ကွဲမှုကြောင့် ဘုရားအရံစောင့်ဝန်ထမ်းမောင်ဦးတွင် ယာဘက်ဖနောင့်ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး ကိုလင်းလင်းမိုးမှာ ခန္ဓာအနှံ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို မင်းဘူးဆေးရုံသို့ ပို့ဆောင်ထားရှိထားကြောင်းသိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ လင်းလင်းမိုးကို(ပ)၁၇၇/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၂၈၆ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

သက်နောင်(မင်းလှ)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။