Trending Now

မြန်မာနိုင်ငံမှ စွမ်းအင်ကုမ္မဏီ မစ်ဆူဘီရှီ နှင့် ပီထရိုနက်စ် ထွက်ခွာမည်

Spread the love

မြန်မာနိုင်ငံမှ စွမ်းအင်ကုမ္မဏီ မစ်ဆူဘီရှီ နှင့် ပီထရိုနက်စ် ထွက်ခွာမည်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁
မလေးရှားနိုင်ငံ၏ ပက်ထရိုနက်စ် နှင့် ဂျပန်နိုင်ငံ၏ မီဆူဘီရှီ ကုမ္မဏီ တို့သည် မြန်မာနိုင်ငံရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် အစုရှယ်ယာရှင်များ အဖြစ်မှ ထွက်ခွာတော့မည်ဟု အဆိုပါ ကုမ္ပဏီများက ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့် စွမ်းအင်ကုမ္ပဏီကြီးများထဲမှ လက်ရှိအချိန်အထိ နောက်ဆုံးထွက်ခွာသည့် ကုမ္ပဏီများလည်း ဖြစ်သည်။
နည်းပညာပိုင်းနှင့် စီးပွားရေးဆိုင်ရာ အမြင်အရ လုပ်ငန်းများကို ဆက်လက် လည်ပတ်ရန် ခက်ခဲလိမ့်မည်ဟု မီဆူဘီရှီ ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၈ ရက်တွင် ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
၎င်းကုမ္ပဏီသည် မြန်မာနိုင်ငံ တောင်ဘက်ကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ၁.၉၃ ရာခိုင်နှုန်း ကို သွယ်ဝိုက်သောနည်းအားဖြင့် ပိုင်ဆိုင်ထားပြီး အဆိုပါစီမံကိန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ထားပြီး အခြားသော ဂျပန် မိတ်ဖက်ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းကထည့်သွင်းပြောကြားသည်။
ပက်ထရို ကုမ္မဏီ ကလည်း ရဲတံခွန် စီမံကိန်းတွင် ပါဝင်သည့် ၎င်းတို့၏ လက်အောက်ခံ ကုမ္မဏီ တစ်ခုဖြစ်သော PC Myanmar (Hong Kong) Limited သည် ရဲတံခွန် စီမံကိန်းမှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ရောင်းချရန် ယမန်နှစ် ဇူလိုင်လက သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
လုပ်ငန်းလွှဲပြောင်းရောင်းချမှုသည် အပြီးသတ်လုနီးပါးဖြစ်နေပြီဟု ပက်ထရို၏ ပြောရေးဆိုခွင်ရှိသူက ပြောကြားခဲ့ပြီး ဝယ်ယူသူ အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
PC Myanmar (Hong Kong) Ltd သည် ရဲတံခွန်တွင် အစုရှယ်ယာ ၄၀.၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၂၀.၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။
မြန်မာနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီကြီးများ ဖြစ်သော Total Energies နှင့် Chevron ကုမ္ပဏီတို့သည်လည်း မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ၎င်းတို့လုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဟု ပြီးခဲ့ သည့်လတွင်ကြေညာခဲ့ကြသည်။
ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။