Trending Now

ပန်ဝါမြို့တွင် တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများကို ခိုက်ဘာဂျီ IDPs စခန်းမှတစ်ဆင့် တန်ဖိုးနည်းအိမ်ရာ ပြောင်းရွှေ့နေရာချထားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

Spread the love

ပန်ဝါမြို့တွင် တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများကို ခိုက်ဘာဂျီ IDPs စခန်းမှတစ်ဆင့် တန်ဖိုးနည်းအိမ်ရာ ပြောင်းရွှေ့နေရာချထားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

EPN
ပန်ဝါ၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့ရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများကို ပန်ဝါမြို့ ခိုက်ဘာဂျီရွာ IDPs စခန်းမှတစ်ဆင့် ပန်ဝါမြို့ဒေသပိုင်အဆောက်အဦမှ နယ်စပ်ရေးရာဝန်ကြီးဌာနက ဆောက်လုပ်ပေးသောတန်ဖိုးနည်း အိမ်ရာများနှင့် ၎င်းတို့၏ မူလနေထိုင်ရာနေများသို့ ရွှေ့ပြောင်းနေရာချထားပေးပြီး ထောက်ပံ့ပစ္စည်များပေးအပ်ခြင်းကို ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီတွင် ပန်ဝါမြို့၊ ငီလော့ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေ့ပြောင်းနေရာချထားပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်းမှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူများအား အားပေးစကားပြောကြား ပြီး၊ ပန်ဝါဌာနေပြည်သူ့စစ်ညွှန်ကြားရေးမှူး ဦးဘောမ်လန်းမှ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှဆောက်လုပ်ပေးသော တန်ဖိုးနည်းအိမ်ရာအကြောင်းရှင်း လင်းပြောကြားသည်။ ဆက်လက်၍ ချီဖွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက တိုက်ပွဲရှောင်ပြည်သူများ၏ တင်ပြချက်အပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာမှ ထောက်ပံ့ ပစ္စည်းများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး ဗိုလ်မှူကြီးနေလင်းထွန်းက တိုက်ပွဲရှောင်ပြည်သူများအား (Family Kit) ပစ္စည်းများ၊ ချီဖွေမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်းတိန့်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့သည့် ရွှေ့ပြောင်းစရိတ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၁)သိန်းစီ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းမင်းက COVID-19 ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ရေရရှိရေးအတွက် နှင့် (၁)လစာ ဆန်ရိက္ခာဘိုးငွေကျပ် (၂၇၂၅၀၀၀၀)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး က (၆)လစာ ဆန် (၇၆၅) အိတ်၊ ဆီ(၉၇၂) ပိဿာ၊ ဆား (၄၈၆) ပိဿာ၊ ပဲ(၉၇၂)ပိဿာတို့နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး၊ UNHCR မှ စောင်၊ ခြင်ထောင်နှင့် ဆိုလာမီးအိမ်များ၊ UNDP မှ လူသုံးကုန်ပစ္စည်းများ၊ KMSS(NGO) အဖွဲ့မှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၅၀၀၀၀)ကျပ်စီတို့ကို အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တန်ဖိုးနည်း အိမ်ရာများတွင် ရွေ့ပြောင်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မိသားစုများ ရွှေ့ပြောင်းနေရာချထားပေးသည့် တန်ဖိုးနည်းအိမ်ရာမှာ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဘောမ်မြန်ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူကာ (၁၂.၁၀.၂၀၁၈)တွင် စတင် ဆောက် လုပ်ခဲ့ပြီး (၂၁.၆.၂၀၁၉)တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် နေအိမ် (၅၀)လုံး ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။