Trending Now

လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် အသတ်ခံရထားသည့် ပြည်သူ (၉) ဦး၏ ရုပ်အလောင်းများပြန်တွေ့ရှိ

Spread the love

လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် အသတ်ခံရထားသည့် ပြည်သူ (၉) ဦး၏ ရုပ်အလောင်းများပြန်တွေ့ရှိ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် အသတ်ခံရထားသည့် ပြည်သူ (၉)ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ ရုပ်အလောင်းများမှ ဇန်နဝါရီလ (၂၄) ရက်နေ့က KIA၊ PDF ပူးပေါင်းအဖွဲ့မှ အရပ်သားပြည်သူ (၉)အား ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများဖြစ်ကာ ဖေဖော်ဝါရီ (၂၅)ရက်နေ့ တစ်လခန့်ကြာချိန်တွင် ယင်းရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ကြောင်း မိသားစုများက ဒေသခံများနှင့် အသတ်ခံရသူများ၏ မိသားစုဝင်များထံက သိရသည်။

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာ အတွင်း အနယ်နယ် အရပ်ရပ်က လာရောက်ပြီး ငါးရှာ၊ ဖားရှားစားရင်း ပျော်ပွဲစားပြုလုပ်နေသည့် အရပ်သားပြည်သူ (၉)ဦးအား ဇန်နဝါရီလ ၂၄ရက်နေ့ အချိန်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့က ပြည်သူ့စစ်သတင်းပေး စွတ်စွဲကာ ဖမ်းဆီးသတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံပြည်သူတစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ် ပြောဆိုသည်။

“သေဆုံးသွားတဲ့ အရပ်သားပြည်သူ (၉)ဦးပေါ့။ အမျိုးသား ၇ ဦး အမျိုးသမီး ၂ ဦးကို ကေအိုင်အေ တပ်မဟာ (၂)အဖွဲ့ နဲ့ မိုးကောင်း PDF အဖွဲ့တွေက ပြည်သူ့စစ်သတင်းပေးဆိုပြီး ဖမ်းသွားတာ ဒေသခံတွေ အားလုံးအသိပါ၊ ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၂၀)တပ်ဖွဲ့က မူးရူးနေတဲ့ တပ်ရင်းဗိုလ်ကြီးရဲ့ အမိန့်နဲ့ အားလုံးကို သတ်ပစ်လိုက်ကြတာ အခုဆို တစ်လကျော်ရှိနေပြီ သေဆုံးသွားတဲ့ မိသားစုဝင်တွေက ရုပ်အလောင်းတွေ ပြန်တွေ့လို့ ဝတ်ပြုဆုတောင်းတွေ သက်ပျောက်ဆွမ်းတွေ လုပ်ဖို့ စီစဉ်နေတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ KIA၊ PDF ပူးပေါင်းအဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူများသည် ၎င်းတို့ ထင်မြင်ချက်အရသာ အသတ်ပစ်လိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ စွတ်စွဲထားသလို စစ်တပ်သတင်းပေး၊ ပြည်သူ့စစ်သတင်းပေးများ မဟုတ်ပဲ သာမာန်အရပ်သားများဖြစ်ပြီး အနယ်အနယ်အရပ်ရပ်မှ လာရောက်ကြပြီး ပျော်ပွဲစား ပြုလုပ်နေချိန်တွင် ယင်းကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူများမှာ ဗန်းမော်မြို့မှ ဦးတူးလွမ် ( ၅၄) နှစ်၊ ဦးထွယ်ရှောင်(ခ) ထွန်းအေး (၃၅) နှစ်၊ ဦးမြင့်ထွေး (၅၀) နှစ်၊ ဦးထွန်းယုံ (၂၇) နှစ်၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ ဦးယောဟန် (၄၇ ) နှစ်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ ဦးကျော်စိုး ( ၄၉) နှစ်၊ ဒေါ်နန်လွမ် (၂၇) နှစ်၊ ဒေါ်ဖောင်မားခေါန်ဘူ (၂၈) နှစ် တို့ အပါအဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်‌ကြောင်း၊ အဆိုပါ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှူချကြောင်းနှင့် ယင်းလုပ်ရက်များအား သက်ဆိုင် အဖွဲ့အစည်းများ အနေဖြင့် ထိရောက်သည့် ကန့်ကွက်ရှုတ်ချခြင်းများ၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အပြစ်မဲ့ ပြည်သူများကို ဒေသခံများက ဆိုသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းများကို သက်ဆိုင်ရာ မိသားစုဝင်များက ပြန်လည်တူးဖော်ခဲ့ကာ ဘာသာအလိုက် သင်္ဂြိုလ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်းများ ဆောင်ရွက်နေကြပြီး ဘာသာအလိုက် သက်ပျောက်ဆွမ်းကပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတို့အား ယခုရက်အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။