Trending Now

အခုနှစ်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အန္ဒိယ

Spread the love

အခုနှစ်နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ အန္ဒိယ

EPN
နိုင်ငံတကာ၊ မတ် ၁၀

အိန္ဒိယနိုင်ငံဟာ အခုနှစ်နွေရာသီမှာ ညအချိန် ဓာတ်အားပြတ်တောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဆောက်လက်စ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေနဲ့ ရေအားလျှပ်စစ် စက်ရုံတွေဟာလည်း နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေ လျင်မြန်စွာ တိုးတက်လာတာက နေ့ခင်းဘက်မှာ လျှပ်စစ်လိုအပ်ချက်ကို အကူညီပေးနိုင်ပေမယ့် ကျောက်မီးသွေးနဲ့ ရေအားလျှပ်စစ် ဓာတ်အား ပြတ်လပ်မှုဟာ သန်းနဲ့ ချီတဲ့ လူတွေအတွက် ညဘက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပြတ်တောက်မှု ဖြစ်စေနိုင်တယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။

အခုနှစ် ဧပြီလမှာ ဓာတ်အားလိုအပ်ချက် ၁ ဒသမ ၇ ရာခိုင်နှုန်းခန့် ရှိမယ်လို့ မျှော်လင့်ရပြီး ညအချိန်တွေမှာ 217 gigawatts (GW) အထိလိုအပ်ချက် ရှိနိုင်တယ်လို့ ရိုက်တာက ခန့်မှန်းထားပါတယ်။ ဒါဟာ အရင်နှစ်က ဧပြီလကထက် ၆ ဒဿမ ၄ ရာခိုင်းနှုန်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။

ညအချိန်မီးပြတ်တောက်မှုဟာ အော်တို၊အီလက်ထရွန်းနစ်၊ စတီးဘားနဲ့ ဓာတ်မြေသြဇာထုတ်လုပ်တဲ့ စက်ရုံတွေ အပါအဝင် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေရတဲ့ စက်ရုံတွေနဲ့ လုပ်ငန်းတွေအပေါ် ခြိမ်းခြောက်နေပါတယ်။

“တစ်မိနစ်လောက်တောင် လျှပ်စစ်မီးပြတ်တောက်ခဲ့မယ်ဆိုရင် စက္ကူပျော့ဖတ်တွေက ပိတ်ဆို့ပြီး လုပ်ငန်းစဉ်ကို ရှုပ်ယှက်ခတ်စေတဲ့အတွက် ရူပီးသိန်းနဲ့ချီ ဆုံးရှုံးစေပါတယ်” လို့ ဆယ်စုနှစ် သုံးခုနီးပါးရှိပြီဖြစ်တဲ့ အိန္ဒိယ စက္ကူလုပ်ငန်းအဖွဲ့ရဲ့ အကြီးအကဲ ပီဂျီ မက်ခန်တာ ကပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံပိုင် Grid-India ရဲ့ ခန့်မှန်းချက်ကို မိုးလေဝသ ဌာနရဲ့ အပူလှိုင်းခန့်မှန်းချက် မထုတ်ပြန်မီက ပြုလုပ်ခဲ့တာဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အခုနှစ် နွေရာသီမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မျှော်လင့်ထားတာထက် ပိုမိုဆိုးရွားနိုင်တယ်လို့ ရိုက်တာက ဆိုပါတယ်။

အိန္ဒိယအစိုးရက ဓာတ်အားပြတ်တောက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် အချို့သော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေမှာ ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို ဓာတ်ငွေ့သုံး စက်ရုံတွေအတွက်လည်း ပမာဏ ပိုမိုရရှိရေး အတွက် လုပ်ဆောင်နေပါတယ်။

ရေအားလျှပ်စစ် လျော့နည်းလာမှုကြောင့် ဓာတ်အားလိုအပ်ချက် မြင့်တက်လာမှုပေါ် ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကျောက်မီးသွေး၊ နျူကလီးယား နဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါရှိပြီး ညအချိန်လိုအပ်ချက် ၈၃ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးနိင်မယ်လို့ မျှော်လင့်ရပါတယ်။

တစ်နှစ်ထက်တစ်နှစ် ကျယ်ပြန့်လာနေတဲ့ စွမ်းအင်ထောက်ပံ့ရေး ပြတ်တောက်မှုတွေဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ပြတ်တောက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ကျောက်မီးသွေး စွမ်းဆောင်ရည်မြင့်တက်ဖို့ လိုအပ်နေတယ်တယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

16.8 GW စွမ်းရည်ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၂၆ လုံးကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ဒေသခံတွေရဲ့ ကန့်ကွက်မှု၊ မြေယာသိမ်းယူမှု၊ လုပ်သားနဲ့ စက်ကိရိယာတွေ ရရှိနိုင်မှုဆိုင်ရာ၊ ဥပဒေ စိန်ခေါ်မှုတွေကြောင့် ၁၀ နှစ်ကျော် နှောင့်နှေးခဲ့ရပါတယ်။

ရေအားလျှပ်စစ်နဲ့ နျူကလီးယားဓာတ်အား ဖြည့်တင်းမှုတွေဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု နည်းပါးခြင်း၊ ဘေးကင်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဝေဖန်သူတွေရဲ့ ဆန့်ကျင်မှုတွေကြောင့် ပိုမိုခက်ခဲတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။