Trending Now

အမေရိကန် အထက်လွှတ်တော်က ဒေါ်လာ နှစ်ထရီလီယံတန်ဖိုးရှိ ကယ်တင်ရေးအစီအစဉ်ကို အတည်ပြု

Spread the love

အမေရိကန် အထက်လွှတ်တော်က ဒေါ်လာ နှစ်ထရီလီယံတန်ဖိုးရှိ ကယ်တင်ရေးအစီအစဉ်ကို အတည်ပြု
 

EPN
နိုင်ငံတကာ မတ် ၂၇

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှု၊ အရေးပေါ်ဆေးရုံများ မလုံလောက်မှုနှင့် ထိခိုက်ခံ စားရသည့် အမေရိကန်ပြည်သူများအတွက် အမေရိကန် ဒေါ်လာနှစ်ထရီလီယံတန်ဖိုးရှိ အရေးပေါ်ရန်ပုံ ငွေတစ် ရပ်ကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်သည်။

အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်ရှိလာပြီး ကူးစက်ခံရသူ ၆၈၀၀၀ အထိ ရှိလာချိန်တွင် အစိုးရအဖွဲ့ဝင်များအကြား ရက်အတန်ကြာအောင် အချေအတင်အ ငြင်းပွားမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများ အပြင်းအထန် လုပ်ဆောင်ခဲ့ပြီး စီးပွားရေးကယ်တင်မှုအစီအစဉ်ဖြစ်သည့် အရေးပေါ်ရန်ပုံငွေကို အထက်လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။

အမေရိကန်နိုင်ငံအတွင်း ရောဂါကူးစက်မှုတစ်နေ့တခြား အရှိန်မြင့်လာလျက်ရှိပြီး နယူးယောက်မြို့သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ရာ နောက်ထပ်ဗဟိုချက်မတစ်ခုဖြစ်လာမည်ကို စိုးရိမ်ရလျက်ရှိသည်။

ရီပတ်ပလီကင်အမတ်များ ဦးဆောင်ရေးဆွဲခဲ့သည့် အရေးပေါ် ရန်ပုံငွေအစီအစဉ်၌ အသေးစားစီးပွားရေး လုပ်ငန်းများနှင့် စက်ရုံများကို အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ ချေးငွေထုတ်ပေးရန်နှင့် အခက်အခဲဖြစ်နေသည့် လေကြောင်းလိုင်းများနှင့် အဆိုပါ လေကြောင်းလိုင်းများမှ ဝန်ထမ်းများအတွက် ဒေါ်လာ ၅၀ ဘီလီယံ ထုတ်ပေး မည့် အစီအစဉ်များ ပါဝင်သည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အီတလီပြီးလျှင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကူးစက်ခံရမှုအမြင့် ဆုံးဖြစ်ပွားနေသည့် တိုင်းပြည်ဖြစ်ပြီး ရောဂါကူးစက်ခံရသူ ထက်ဝက်ခန့်မှာ နယူးယောက်ပြည်နယ်မှ ဖြစ်သည်။

အေအက်ဖ်ပီ Ref; Senate passes $2-trillion economic stimulus package


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။