Trending Now

ပါကစ္စတန်မှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့

Spread the love

ပါကစ္စတန်မှာ လေပြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ကလေးငယ် ၈ ဦးအပါအဝင် အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။

မုန်းတိုင်းဟာ စနေနေ့နှောင်းပိုင်းက ခိုက်ဘာ ပတ်ထန်ကွာပြည်နယ်အတွင်းက ခရိုင်လေးခုကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်ကနေ ၁၁ နှစ်ကြား မွေးချင်းငါးဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ရဲ့ အိမ်ခေါင်မိုးနဲ့ နံရံတွေပြိုကျပြီး အနည်းဆုံး လူ ၁၂ ဦး အသက်ရှင်လျက် ပိတ်မိထားပါတယ်” လို့ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပြောရေးဆိုခွင့်ရှိသူ အလီခမ်းက ပြောပါတယ်။

လူ ၁၄၀ ကျော် ဒဏ်ရာရရှိပြီး တိရစ္ဆာန် ၂၀၀ ကျော် သေဆုံးခဲ့တဲ့ မုန်းတိုင်းတိုက်ခတ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ခရိုင်လေးခုလုံးကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အလွန်ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဟာ အိန္ဒိယ အနောက်ဘက် ကမ်းရိုးတန်း နဲ့ ပါကစ္စတန်တောင်ပိုင်းကို ဇွန်လ ၁၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခတ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။