Trending Now

အဆက်မပြတ်ရွာသွန်းနေတဲ့ မုန်တိုင်းမိုးဒဏ်ကြောင့် မအူပင်၌ မရိတ်သိမ်းနိုင်‌သေးသည့် နွေစပါးဧက ၆၀၀ ခန့် ပျက်စီးနိုင်

Spread the love

အဆက်မပြတ်ရွာသွန်းနေတဲ့ မုန်တိုင်းမိုးဒဏ်ကြောင့် မအူပင်၌ မရိတ်သိမ်းနိုင်‌သေးသည့် နွေစပါးဧက ၆၀၀ ခန့် ပျက်စီးနိုင်

EPN
မအူပင်၊ မတ်လ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ အဆက် မပြတ်ရွာသွန်းနေတဲ့ အချိန်အခါမဟုတ် မုန်တိုင်း မိုးဒဏ်ကြောင့် ရိတ်သိမ်းရန် အသင့်ဖြစ်နေသော
နွေစပါးဧက ၆၀၀ ခန့် ပျက်စီးမယ့် အခြေအနေဖြစ် နေတယ်လို့ ဒေသခံတောင်သူများထံက သိရပါတယ်။

ဘင်္ဂလား ပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်၏အရှိန်နဲ့ မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာရွာသွန်းတဲ့ အချိန်အခါမဟုတ်ရက်ဆက် ရွာသွန်းနေတဲ့မိုးဒဏ်ကြောင့်ရိတ်သိမ်းဖို့ အသင့်ဖြစ်နေသော နွေစပါးဧက ၆၀၀ လောက် အပင်များလဲကျကုန်ပြီး မိုးဆက်ရွာရင်ပျက်စီးသွားနိုင်တယ်လို့ဒေသခံတွေ ပြောပါတယ်။

”မိုးက မနေ့ကတည်းက ရွာနေတာ ဒီကနေ့လည်း ရွာတယ် စပါးအပင်တွေ အကုန်လည်ကုန်ပြီ။ ရိတ်သိမ်းဖို့ တော်နေတဲ့စပါးခင်း တွေပါ။ မိုးမရွာရင် ရိတ်သိမ်းတော့မယ့်ဆဲဆဲစပါးတွေပါ။ အခုမိုးရွာတော့ မရိတ်ရတော့ဘဲပျက်စီးကုန်တော့မယ် အပင်တွေက မိုးဒဏ်ကြောင့်လဲကုန်တာ လဲကုန်တော့ အပင်တွေပေါက်ဖြစ်ပြီးပျက်ကုန်တော့မှာ။”လို့ မအူပင်မြို့နယ်အလန်းကျေးရွာ ဒေသခံ တောင်သူ တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင်လွန်ခဲ့သော ရက်က ရိတ်သိမ်းပြီးတော့ နေပူလှန်း ထားသော စပါးများလည်း စပါးများလည်းမိုးရေစိုလို့ အခက်အခဲဖြစ်နေပြီး ယခုနှစ်စိုက်ပျိုးစရိတ်မြင့်မားလို့ စပါးဧကအနည်းအငယ်သာ စိုက်ပျိုးနိုင်ခဲ့သည့်အခြေအနေမှာ မုန်တိုင်းမိုးဒဏ်ကြောင့်စပါးတွေမိုးမိတဲ့အတွက် ဒီနှစ်က ဒုက္ခအရောက်ဆုံးနှစ်လို့ဒေသခံတွေထံ ပြောပါတယ်။

”ဟိုရက်က ရိတ်သိမ်းထားတဲ့ စပါးတွေကို စပါးခင်းထဲမှာ
နေပူလှန်းထားတာ မိုးကမိတော့ နှမျောတာပေ့ါ။ ဒီနှစ်က ဆီဖိုး ၊ စက်ခ ၊ အလုပ်သမားခ၊ မြေသြဇာဖိုးတွေကတက်
လို့ စပါးဧကအနည်းအငယ်သာစိုက်ခဲ့တာ အခုမိုးက
မိတော့ ဒုက္ခအတော်ရောက်နေတယ်။ မိုးမိတဲ့စပါးဆိုလည်း စပါးဝယ်သူတွေကမဝယ်ချင်ဘူး ဝယ်ပြန်တော့လည်းဈေး ကနှိမ့်သေးတယ်။ ဒီနှစ်တော့ လယ်သမားတွေဒုက္ခရောက် တဲ့နှစ်ဘဲ မိုးနတ်မင်းကိုဘဲအပြစ်တင်ရတော့မယ်။”လို့ မအူပင်မြို့နယ် ရေလဲကျေးရွာက တောင်သူ ဦးလှဝင်းက ပြောပါတယ်။

မအူပင်မြို့နယ်က အလန်းနဲ့ ရေလဲကျေးရွာတွေအပါ အဝင် ကျေးရွာ ၇ ရွာက တောင်သူတွေစိုက်ပျိုးထားတဲ့ နွေစပါးတွေမိုးဒဏ်ကြောင့် ပျက်စီးမယ့်အခြေရောက်နေတာဖြစ်တယ်လို့ ဒေသခံ တောင်သူတွေထံက သိရ ပါတယ်။

မအူပင်မြို့နယ်မှာ မတ်လ ၂၀ ရက် ညနေ ၄ နာရီကနေ မတ်လ ၂၁ ရက် ၅ နာရီအထိ မိုးတွေ အဆက်မပြတ်ရွာ နေဆဲဖြစ်ပြီး မတ်လ ၂၁ ရက် ညနေပိုင်းမှာ လေပြင်းတွေလည်း တိုက်ခတ်လာတယ်လို့ ဒေသခံများထံက သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။