Trending Now

မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုင်တီ လမ်းမကြီး ပျက်စီးနေမှုများကို COVID-19 အလွန်ကာလတွင် ပြုပြင်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ကတိပေး

Spread the love

မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုင်တီ လမ်းမကြီး ပျက်စီးနေမှုများကို COVID-19 အလွန်ကာလတွင် ပြုပြင်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ကတိပေး 

EPN
နေပြည်တော်၊ မေ ၁၈

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုင်တီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်သွယ်ထားသည့် လမ်းမကြီး ပျက်စီနေမှုများအား COVID-19 အလွန်ကာလတွင် ပြုပြင်ပေးသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကတိပေးပြောဆိုလိုက်သည်။

ယနေ့ မေလ ၁၈ ရက်နေ့ နေပြည်တော်တွင်း ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကချင်ပြည်နယ် ဝိုင်းမော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး မေးမြန်းခဲ့သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုင်တီမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ဆက်သွယ်ထားသော လမ်းမကြီးကို ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် ဆောက်လုပ်ရေး ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ထိန်းသိမ်းထားသည့် လမ်းအရှည် ၁၉ ကီလိုမီတာအတွင်း ၁ ဒသမ ၆ ကီလိုမီတာကို အကျယ် ၅၀ ပေး လမ်းချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ထားပြီးတော့ နောင်လာမယ့် နှစ်များမှာ ရံပုံငွေတင်ပြတောင်းခံပြီး ရံပုံငွေရရှိမှုအပေါ်မူတည်ပြီး လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ပင်ကုမ္မဏီမှ ဆောင်ရွက်သော လမ်းပိုင်းပ်က္စီးမှုများကို ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ထိန်ပင်ကုမ္ပဏီနှင့် ညှိုနှိုင်းလျက်ရှိပြီးတော့ COVID-19 ရဲ့ အလွန်ကာလများမှာ ပြန်လည်ပြင်ဆင် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါသည်” ဟု ဒုဝန်ကြီးက ကတိပြု ပြောဆိုသည်။

၁၁၄ ဒသမ ၂၆ ကီလိုမီတာ ရှညျလြှားသည့် မြစ်ကြီးနား- ဝိုင်းမော်- ဆဒုံး- ကန်ပိုင်တီလမ်းမကြီးအား နှစ်နိုင်ငံ ချစ်ကြည်ရေး အကူအညီအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ပင်ဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအတွင်း အပွီးတညျဆောကျပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းမကြီး ပြင်ဆင်ထိန်းသိမ်းမှုအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီဌာနမှ ၁၉ ဒသမ ၀၆ ကီလိုမီတာ တာဝန်ယူထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထိန်ပင်ကုမ္ပဏီမှ ၉၅ ကီလိုမီတာအထိ တာဝန်ယူထား သည်ဟုလည်း ဒုဝန်ကြီးက ဆိုသည်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။