Trending Now

အသက် (၂၀)နှစ်ခန့် မိန်းကလေးငယ် လှည်းတန်းတံတားပေါ်မှခုန်ချ ဒဏ်ရာပြင်းထန်

Spread the love

အသက် (၂၀)နှစ်ခန့် မိန်းကလေးငယ် လှည်းတန်းတံတားပေါ်မှခုန်ချ ဒဏ်ရာပြင်းထန်

EPN
ရန်ကုန်၊ ဧပြီ ၂၆ (၂၀၂၄)

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်မှ အသက် (၂၀)နှစ်ခန့်ရှိ မိန်းကလေးငယ်တစ်ဦးလခုန်ချခဲ့မှု ယနေ့ (ဧပြီ ၂၆ ရက်)၊ မွန်းတည့်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းထံမှ သိရသည်။

ယနေ့၊ မွန်းတည့် ၁၂ နာရီကျော်ခန့်က ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာရှေ့ရှိ လှည်းတန်းတံတားပေါ်မှ အသက် (၂၀)နှစ်ခန့်ရှိ မိန်းကလေးငယ်တစ်ဦးလခုန်ချခဲ့ရာ ပြင်းထန်ဒဏ်ရာများဘရရှိထားသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ရန်ဘသွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ သန်လျင်မြို့နယ်နေ အသက် (၁၉)နှစ်အရွယ်ရှိ မိန်းကလေးငယ်သည် လှည်းတန်းတံတားပေါ်မှ ခုန်ချခဲ့မှုကြောင့် နောက်ကျော၊ နောက်စေ့နှင့် ညာဘက်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိန်းကလေးအား အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး၊ တာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။