Trending Now

တိုင်းဖျက်ပြည်ဆူအဖျက်ရန်ကို ကာကွယ်ရင်း တိုင်းပြုပြည်ပြုလုပ်ငန်းများကို ဆက်လက်လျှောက်လှမ်းမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

Spread the love

တိုင်းဖျက်ပြည်ဆူအဖျက်ရန်ကို ကာကွယ်ရင်း တိုင်းပြုပြည်ပြုလုပ်ငန်းများကို ဆက်လက်လျှောက်လှမ်းမည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

တိုင်းဖျက်ပြည်ဆူ အဖျက်ရန်ကို ကာကွယ်ရင်း တိုင်းပြုပြည်ပြုလုပ်ငန်းများကို ဆက်လက်လျှောက်လှမ်းမည် ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (၃) လတစ်ကြိမ် အစည်းအဝေး ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်ပါတီဥက္ကဋ္ဌများက ရက် ၉၀ စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် နယ်မြေဒေသအတွင်းအခြေအနေများအားတင်ပြခြင်း၊ ရေးရာဌာနကြီးများ၊ ကော်မတီတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးတင်ပြခဲ့ကြရာ ပါတီဥက္ကဋ္ဌမှ လိုအပ်ချက်များအား ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော်တို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် ပြည်လည်ဖွဲ့စည်းပြီးတဲ့နောက် ပထမအဆင့်နိုင်ငံ ရေးခြေလှမ်းအဖြစ် ရက် (၉၀) စီမံချက်ကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ပါတီအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ရှေ့ခရီးမှာ စုပေါင်းအားနဲ့ တိုင်းဖျက်ပြည်ဆူ အဖျက်ရန်ကို ကာကွယ်ရင်းတိုင်းပြုပြည်ပြုလုပ်ငန်းတွေကို ဆက် လက်လျှောက်လှမ်းကြရဦးမှာပါ။”ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်ရီက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ သုံးလတစ်ကြိမ်စုံညီ အစည်း အဝေး (၂/၂၀၂၃) သို ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။