Trending Now

ဧရာဝတီတိုင်း အပါအဝင် တိုင်းခြောက်ခုကနေ အဆိပ်ပြင်း မြွေပွေးနဲ့ မြွေ ဟောက် အကောင်ရေ ၁၆၀၀ ဝယ်ယူသွားမည်

Spread the love

ဧရာဝတီတိုင်း အပါအဝင် တိုင်းခြောက်ခုကနေ အဆိပ်ပြင်း မြွေပွေးနဲ့ မြွေ ဟောက် အကောင်ရေ ၁၆၀၀ ဝယ်ယူသွားမည်

EPN
ဧရာဝတီ၊ ဇူလိုင် ၁၀

ဧရာဝတီတိုင်းအပါအဝင် တိုင်းခြောက်ခုကနေ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ဖို့အဆိပ်ပြင်း မြွေတွေဖြစ်တဲ့ မြွေပွေးနဲ့မြွေဟောက် အကောင်ရေ ၁၆၀၀ အထိဝယ်ယူသွားမယ်လို့ အင်းစိန်ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံကနေ သိရပါတယ်။

အဲ့ဒီမြွေအကောင်ရေ ၁၆၀၀ ကို ဆေးဝါးစက်ရုံ (အင်းစိန်) ကမြွေဆိပ်ဖြေဆေးထုတ်လုပ်ဖို့အတွက် ဝယ်ယူမှာဖြစ်ပြီး
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မေကြး၊ ပဲခူးနဲ့ စစ်ကိုင်းတိုင်းဘက်က ဖမ်းဆီးရမိတဲ့ မြွေပွေးအကောင် ၁၂၀၀နဲ့ မြွေဟောက် အကောင် ၄၀၀ ကောင်ကို ဝယ်ယူချင်တာလို့ ဆိုပါတယ်။

” မြွေအဆိပ်ဖြေဆေး ထုတ်လုပ်ဖို့ အတွက် ဝယ်ယူမှာပါ။ အားလုံး အကောင်ရေ ၁၆၀၀ အထိဝယ်မှာ။ ဝယ်မယ့် မြွေတွေကတော့ တစ်ကောင်ကို ငါးဆယ်ကျပ်သားနဲ့ အထက် ဖြစ်ဖို့လိုအပ်ပါတယ် ” လို့ တာဝန်ရှိသူတစ်
ဦးက ပြောပါတယ်။

အဲ့ဒီ ဝယ်ယူမယ့် မြွေပွေးတစ်ကောင်ကိုငွေကျပ် ၁၀၀၀၀နဲ့ မြွေဟောက်တစ်ကောင်ကို ငွေကျပ် ၁၅၀၀၀ နှုန်းပေးမှာ ဖြစ်ပြီး၊ မြွေတွေကို အမှတ် (၁) ဆေးဝါးစက်ရုံ (ရန်ကုန်) အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံလမ်း၊ ကြို့ကုန်းအနောက်ရပ်ကွက်ကို အရောက်ပို့ပေးရမှာဖြစ်ကာ
ရောင်းချလိုတဲ့ အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်နဲ့ ဝယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြွေအရောင်းအဝယ် ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်သိချင်ပါကလည်း ဖုန်း-၀၁၆၄၆၂၇၃ နဲ့ ၀၁၆၄၆၂၈၃ တို့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ -၂၀၁၄ ခုနှစ်တွင် စက်မှု၀န်ကြီးဌာနက မြွေဆိပ်ဖြေဆေးအလုံးရေ ငါးသောင်းကျော်ထိ ထုတ်လုပ် နိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှာ တစ်နှစ်လျှင် မြွေဆိပ်ြေ ဆေးပျမ်းမျှအလုံး ရေခုနစ်သောင်းခန့်အထိ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြွေဆိပ်ဖြေဆေးကို မြင်းရဲ့သွေးကနေ ထုတ်နေခြင်းဖြစ်ပြီး၊ သိုးရဲ့သွေးရည်ကြည်ကို အသုံးပြုကာ
ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးကိုလည်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက စတင် ထုတ်လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။