Trending Now

“နှစ်ပေါင်း (၆၀)ကျော်ကြာရှိလာပြီ ဖြစ်သော ရှမ်းနှင့် ကချင်တို့အကြား အမုန်းတရားတို့သည် ကြီးသထက်ကြီးလာနေပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့ကြောင်း KIO/KIA (ကချင်) အား အသိပေးလိုက်သည်” ဟု မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မှ ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။

Spread the love

“နှစ်ပေါင်း (၆၀)ကျော်ကြာရှိလာပြီ ဖြစ်သော ရှမ်းနှင့် ကချင်တို့အကြား အမုန်းတရားတို့သည် ကြီးသထက်ကြီးလာနေပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့ကြောင်း KIO/KIA (ကချင်) အား အသိပေးလိုက်သည်” ဟု မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ မှ ယနေ့
သဘောထားထုတ်ပြန်လိုက်သည်။
Source : SEA
ထုတ်ပြန်ချက် အပြည့်အစုံ ဆက်လက် ဖတ်ရှုနိုင်ရန် >>> 👇👇
ရက်စွဲ၊ ၂၀၂၂ခုနှစ်၊ သြဂုတ်လ (၁) ရက်
၁။ ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာတွင် နေထိုင်သော စိုင်းရေကျော်သည် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့ ည ၈ နာရီခွဲ အချိန်ခန့်တွင် နမ့်ပါဟုတ်ကျေးရွာရှိ ၎င်း၏ဇနီး နေအိမ်၌ နေထိုင်နေစဉ် ပါဂျဲရိုး ကား (၂) စီးဖြင့် လူ (၆)ဦးခန့် ရုတ်တရက် ရောက်ရှိလာပြီး စိုင်းရေကျော်အား ရိုက်နှက်ကာ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ကြားသိရပါသည်။
၂။ ဖားကန့်မြို့နယ်၊ တာမခန်၊ ဟောင်ပါး၊ ဆည်ဇင်း စသည့် ကျေးရွာ အုပ်စုများသည် KIO/KIA (ကချင်) တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၏ အဓိကလှုပ်ရှားရာနယ်မြေများ ဖြစ်ပါသည်။ ယခုအခင်း ဖြစ်ပွားစဉ်တွင်ပါဝင်ခဲ့သည့် ပါဂျဲရိုးကား (၂)စီးအနက် (1)စီးသည် KIO/KIA (ကချင်) ဟောင်ပါးတိုက်နယ်မှူး ၏ ကားဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
၃။ စိုင်းရေကျော်သည် တိုင်းလိုင်(သျှမ်းနီ) ရိုးရာ အကနှင့်ဂီတဆရာတစ်ဦးဖြစ်ပြီး မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ ဒေသခံ ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါသည်။
၄။ KIO/KIA (ကချင်)နှင့် မြို့ပေါ်နေ ကချင်ဘာသာရေးအဖွဲ့အစည်း၊ ကချင်အရပ်ဘက် အဖွဲ့အစည်း တို့သည် တန်းတူညီမျှရေး၊ လူ့အခွင့်အရေး၊ အတူယှဉ်တွဲနေထိုင်ရေး စသည်တို့ကို အသွင်သွင် ပြောဆိုနေသော် လည်း တကယ့်လက်တွေ့တွင်မူ လက်နက်အားကိုးပြီး လက်နက်မဲ့အတူနေ သျှမ်းမျိုးနွယ်စုဝင် များကို စိတ်မထင်လျှင် မထင်သလို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်နေခဲ့သည်မှ မရေမတွက် နိုင်အောင် ရှိနေပြီး ဖြစ်ပါသည်။
၅။ ယခုဖမ်းဆီးမှုအား မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချသည်။ စိုင်းရေကျော်အား အမြန်ဆုံး လွတ်ပေးရန် တောင်းဆိုသည်။
၆။ ယခုလုပ်ရပ်ကြောင့် နှစ်ပေါင်း (၆၀)ကျော်ကြာရှိလာပြီ ဖြစ်သော ရှမ်းနှင့် ကချင်တို့အကြား အမုန်းတရားတို့သည် ကြီးသထက်ကြီးလာနေပြီး လူမျိုးရေးပဋိပက္ခ ဖြစ်ရန် အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့ကြောင်း KIO/KIA (ကချင်) အား အသိပေးလိုက်သည်။
ဗဟိုကော်မတီ
မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာအဖွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။