Trending Now

လယ်ယာမြေကုန်ထုတ်လမ်းဖောက်လုပ်ရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး

Spread the love

လယ်ယာမြေကုန်ထုတ်လမ်းဖောက်လုပ်ရန်အတွက် ကျေးလက်ဖွံ့ဖြိုးရေးဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး

EPN
အင်းတော်ကြီး၊ မတ် ၂၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသို့ မိုးညှင်းမြို့နယ် ကျေးလက်‌ဖွံ့ဖြိုးရေးဦးစီးမှူး ဦးဆန်းမင်းနှင့်အဖွဲ့သည် မိုင်းနောင် ခေါင်းတုံးချောင်းရေကာတာနှင့် မမုန်ကိုင်ကျေးရွာအုပ်စု နန့်ကင်တောင်/အရှေ့ကွင်းအမှတ်( ၃၉၈/ ၃၉၉မှ၄၀၃/၄၀၄)ကွင်းရှိလယ်လုပ်သူများသည် ကုန်ထုတ်လမ်းအဝင်အထွက်ဖော်ထုတ်နိုင်ရန် မတ်(၂၆)ရက်ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ၎င်းဒေသခံတောင်သူများ၏ နွေစပါး၊ မိုးစပါး၊ နွေသီးနှံ၊ ဆောင်းသီးနှံများကို ရာသီမရွေး စျေးကွက်သို့သယ်ယူပို့ဆောင်နိုင်မည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာဒေသများအတွက်ပါ ကုန်စည်သယ်ယူပို့ဆောင်မှု မြန်ဆန်လာတော့မည်ဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦးကပြောသည်။

မိုင်းနောင်၊ နန့်ကိုင်၊ အုန်းပင်ခါး၊ နန့်ပန်းကိုင်နောက်/ ရှေ့၊ နန့်ကိုင်ကွင်းအရှေ့/တောင်၊ ကွင်းအမှတ် (၄၀၃/၄၀၄/၄၀၂/ ၄၀၁/၄၀၀ /၃၉၉/ ၃၉၈)တွင်တောင်သူ(၂၆၇)ဦး၊ လယ်မြေ(၂၃၆၇)ဧကရှိသည်ဟု သိရသည်။

အဆိုပါ ကုန်ထုတ်လမ်းကို ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာနဦးစီးမှူး ဦးဆန်းမင်းနှင့်အဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ လယ်သမားများသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြ‌သည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။