Trending Now

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့ အချိန်ပိုင်း မီးပြတ်တောက်မည်

Spread the love

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့ အချိန်ပိုင်း မီးပြတ်တောက်မည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂

ဘူးဂါးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ရုံးခွဲ (၂)ရှိ မီးတိုင်များတွင် sectionalizer switch များ တပ်ဆင်သွား မည် ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့ ဖေဖော်ဝါရီ ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် အချိန်ပိုင်း မီးပြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဒီနေ့နဲ့ မနက်ဖြန် ၂ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီ အထိပါပဲ၊ မီးတိုင်တွေ‌မှာ sectionalizer switch တပ်ဆင်စရာတွေရှိလို့ပါ၊ ပြီးတော့ ရုံခွဲ (၂)က 11KV လိုင်းကြိုးတွေ ပေါ်က ချုံပင်၊ သစ်ပင်တွေကို ရှင်းရတယ် အရင်က ပြောသလိုပါပဲ ဒီလိုမျိုး လုပ်တာကြတော့ ဘယ်ချိန်ဘယ်နေ့မှ ပြီးမယ်ဆိုတာ သတ်မှတ်လို့ မရပါဘူး၊ ကြိုးတွေ လဲလှယ်တာတွေ ချုံနွယ်ပင်တွေရှင်းလင်းတာကျတော့ နှစ်တိုင်း မဖြစ်မနေ လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေပါ” ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ ရုံခွဲ (၂)တွင် ရှိသည့် sectionalizer switch တပ်ဆင်မည်ဖြစ်သည့်အတွက် ဖေဖော်ဝါရီ ၂ ရက်နေ့နှင့် ၃ ရက် ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များဖြစ်သည့် ရွှေပြည်သာ၊ ရွေအိုက်၊ နန်းကွေ့၊ နာဂကုန်း၊ နန်ကျင်၊ ကဘူဒမ်း၊ ပြည်ထောင်၊ အားဆာရ်၊ မလိခ၊ နောင်းပုံ ရပ်ကွက်တို့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီ အထိ မီးပြတ်တောက်မှာ ဖြစ်ကြောင်း ဘူးဂါးကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

ထိုသို့ လိုင်းကြိုးများ လဲလှယ်မှုကြောင့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှာဖြစ်သည့်အတွက် မီးသုံးစွဲသူများအနေဖြင့် ဂရုတစိုက် သုံးစွဲရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

“ဒီလိုလုပ်ရတာက မီးသုံးစွဲသူတွေအတွက်အဆင်ပြေအောင်ဆိုပြီး လိုင်းကြိုးတွေကိုရှင်းလင်းပေးရတာပါ၊ အပတ်စဉ်ကြာသပတေးနှင့် သောကြာနေ့တိုင်းရှင်းလင်းမူ ပြုလုပ်နေရတာပါ၊ ဒါကြောင့်အခုလို မီးပျက်တဲ့အခါမှာ အထူးသဖြင့်တော့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်များအနေနဲ့ သတိထားရမှာက မီးပျက်တဲ့အချိန်မှာ မေ့ပြီး ခလုတ်တွေ ဖွင့်ထားတာမျိုး မပိတ်မိတာမျိုးတွေကို ဂရုစိုက်ဖို့လိုအပ်တယ် မီးသုံးစွဲသူတွေ အနေနဲ့ အလေးထားပြီး ဒါတွေကို မမေ့ဖို့လိုအပ်တယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ဘူးဂါးလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ယနေ့ ၂ ရက်နေ့တွင် ရမ်ပူ နယ်မြေ (၉-၁၀)၊ လယ်ကုန်း၊ ကျွန်းပင်သာ၊ ပေါ်ဦး၊ ရွှေညောင်ပင် ရပ်ကွက်များရှိ 11KV လိုင်းကြိုးများ ရှင်းလင်းရေးပြုလုပ်သည့်အတွက် အချိန်ပိုင်းမီးပြတ်ခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။