Trending Now

အနောက်တိုင်းယဉ်ကျေးမှုကို တွန်းလှန်ဖို့အတွက် ချစ်သူများနေ့မှာ နွားတွေကိုပွေ့ဖက်ဖို့ အိန္ဒိယတာဝန်ရှိသူတွေ တိုက်တွန်း

Spread the love

အနောက်တိုင်းယဉ်ကျေးမှုကို တွန်းလှန်ဖို့အတွက် ချစ်သူများနေ့မှာ နွားတွေကိုပွေ့ဖက်ဖို့ အိန္ဒိယတာဝန်ရှိသူတွေ တိုက်တွန်း

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

အနောက်တိုင်းယဉ်ကျေးမှုကို တွန်းလှန်ဖို့အတွက် ချစ်သူများနေ့မှာ နွားတွေကိုပွေ့ဖက်ဖို့ အိန္ဒိယတိရစ္ဆာန်စောင့်ရှောက်ရေးဘုတ်အဖွဲ့က တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

“အချိန်ကြာလာတာနဲ့ အမျှအနောက်ယဉ်ကျေးမှု တွေထွန်းကားလာတာကြောင့် ဟိန္ဒူရိုးရာ ယာဉ်ကျေးမှုတွေဟာ ပျောက်ဆုံးလုနီးပါးဖြစ်နေပြီ ” လို့ ဘုတ်အဖွဲ့က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို “နွားပွေ့ဖက်ခြင်းနေ့” အဖြစ် တနင်္လာနေ့မှာ ကြေငြာခဲ့ပြီး နွားတွေဟာ အိန္ဒိယယဉ်ကျေးမှုနဲ့ ကျေးလက်စီးပွားရေးအတွက် ကျောရိုးဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နွားပွေ့ဖက်ရန် တွန်းအားပေးမှုဟာ အနောက်တိုင်းလွမ်းမိုးမှု ပျက်ပြားသွားရန်ဖြစ်သလို မြင့်မြတ်သော ဟိန္ဒူရိုးရာဓလေ့တွေကို မြှင်တင်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

နွားပွေ့ဖက်ခြင်းဟာ ရယ်စရာမဟုတ်ကြောင်း အာဏာရ Bharatiya Janata ပါတီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဟိန္ဒူဘာသာရေးမှာ အမြဲတမ်းအရေးပါတဲ့ နေရာမှာ ပါနေတဲ့ နွားတွေကို ပွေ့ဖက်ခြင်းနေ့ သတ်မှတ်လိုက်တာဟာ ဘာများမှားနေလို့ပါလဲ”လို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ လူဦးရေ ၁ ဒသမ ၃ ဘီလီယံခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းဟာ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ကြပါတယ်။

Ref; india tried to rebrand Valentine’s Day as ‘Cow Hug Day.’ Here’s how it backfired

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။