Trending Now

ပါကစ္စတန်နိုင်ငံတွင် ခရီးသည်တင်ကား မီးလောင်မှုကြောင့်လူ ခြောက်ဦးသေ၊ ၁၀ ဒဏ်ရာရ

Spread the love

ပါကစ္စတန်နိုင်ငံတွင် ခရီးသည်တင်ကား မီးလောင်မှုကြောင့်လူ ခြောက်ဦးသေ၊ ၁၀ ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

ပါကစ္စတန် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ဖီဆာလာဘတ်ခရိုင် အမြန်လမ်းမကြီးတွင် ယနေ့ ဇွန် ၁၆ ရက်နေ့က ခရီးသည်တင်မော် တော်ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူခြောက်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ကား၏ အင်ဂျင်မှာ အပူချိန် မြင့်တက်လာပြီး မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိနစ်ပိုင်းအတွင်း ကားတစ်စီးလုံး မီးလောင်သွားခြင်းဖြစ်ကြောင်း ဒူယား သတင်း ဌာနက ထပ်လောင်းဖော်ပြသည်။

ခရီးသည်များမှာ မီးလောင်နေသည့် ကားပေါ်မှ ခုန်ချကာ လွတ်မြောက်ခဲ့ပြီး ယာဉ်မောင်း အပါအဝင် အခြားခရီးသည်များ လွတ်မြောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အခြားယာဉ်မောင်းများ၏ သတင်းပေးမှုကြောင့် ကားမီးလောင်မှုဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ် ဆယ်ရေးသမားများ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူများကို အနီးနားရှိ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ဒဏ် ရာရသူများအနက် အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း ဖော်ပြထားသည်။

မီးသတ်သမားများလည်း ကားမီးလောင်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး မီးလောင်နေသည့်ကား ရေဖြင့်ပက်ဖျန်းကာ အပျက်အစီးများကို လမ်းပေါ်မှ ရှင်းလင်းဖယ်ရှားပေးခဲ့သည်ဟု ဆိုသည်။

–ကိုးကား-
ဆင်ဟွာ
Ref; 6 killed, 10 injured as fire erupts in passenger van in Pakistan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။