Trending Now

အထက်မော်ဖောင်းတွင် အမျိုးသမီးတစ်ဦး ထံမှ ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

အထက်မော်ဖောင်းတွင် အမျိုးသမီးတစ်ဦး ထံမှ ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၄ (၂၀၂၃)

မြစ်ကြီးနားမြို့နယ်၊ အထက်မော်ဖောင်းကျေးရွာတွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း နှစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်၊ မနက် ၁၀ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထက်မော်ဖောင်း ကျေးရွာတွင် မူးယစ်ဆေးဝါး သတင်းအရ မရွယ်ဂျီး (ခ) မချို ၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၄၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၂၈ သိန်း) အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မရွယ်ဂျီး (ခ) မချို (၄၇) နှစ်အား မြစ်ကြီးနားမြို့နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။