Trending Now

အရာတော်မြို့နယ် ရှောက်ခါးကျေးရွာမှာ လူနေအိမ် ၆၀ ကျော် မီးလောင်ပြီး လူ ၁ ဦး သေဆုံး

Spread the love

အရာတော်မြို့နယ် ရှောက်ခါးကျေးရွာမှာ လူနေအိမ် ၆၀ ကျော် မီးလောင်ပြီး လူ ၁ ဦး သေဆုံး

EPN
အရာတော် ၊ ဧပြီ ၈

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် မြောက်ပိုင်း ၊ ရှောက်ခါးကျေးရွာမှာ အခုလ ၇ ရက် ၊ မနေ့မနက်ပိုင်းက ကျေးရွာအတွင်း ပစ်ခတ်သံတွေကြားရပြီးနောက် ရွာလုံးကျွတ်နီးပါး မီးလောင်းခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ရွာထဲမအိပ်ရဲလို့ တောထဲမှာ ရှောင်ပုန်းအိပ်နေရတာ ရွာလုံကျွတ်ပဲ ၊ တောထဲကနေ သိရ ၊ ကြားရတာက မနက်အစောပိုင်း ၅ နာရီဝန်းကျင်လောက်မှာ ရွာထဲမှာ ပေါက်ကွဲသံ ပစ်ခတ်သံတွေကြားရပြီးနောက်ပိုင်း လူနေအိမ်တွေ မီးစလောင်တာပါ ” လို့ ရှောက်ခါးရွာခံ တစ်ယောက်က ပြောပါတယ်။

အရာတော်မြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦး ပြောတာက”အဲ့ဒီ ရှောက်ခါးရွာဘက်ကို နယ်မြေရှင်လင်းရေးတွေ လုပ်နေတာရှိတယ် ၊ ထိတွေ့တိုက်ပွဲငယ်တွေ ဖြစ်ရာကနေ ရွာကို အကြမ်းဖက်သမားတွေက မီးရှို့ထွက်ပြေးသွားတာ ” လို့ပြောပါတယ်။

ရှောက်ခါးကျေးရွာက မီးဟာ ဘယ်ကစလောင်းတယ်ဆိုတာ မသိရပေမယ့် ၊ လူနေအိမ် ၆၇ လုံး ၊ မီးလောင်ဆုံးရှုံးတဲ့ အပြင် ရွာခံ ဦးရွှေသင်း အသက် ၅၂ နှစ် ဆိုသူဟာ မီးလောင်ပြင်မှာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွာထဲက လယ်ယာလုပ်ငန်းသုံး ထွန်စက် ၊ ချွေလေ့စက် ၊ ကောက်ရိတ်စက်တွေအပြင် ကျွဲနွား တချို့လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။