Trending Now

ရိုဟင်ဂျာတွေကို လက်မခံနိုင်တော့ကြောင်း မလေးရှားဝန်ကြီးချုပ်ပြောကြား

Spread the love

ရိုဟင်ဂျာတွေကို လက်မခံနိုင်တော့ကြောင်း မလေးရှားဝန်ကြီးချုပ်ပြောကြား

EPN
နိုင်ငံတကာ၊ ဇွန် ၂၇

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး၏ နောက်ဆက်တွဲအဖြစ် နိုင်ငံ၏စီးပွားရေးအရင်းအမြစ်တွေ ထိခိုက်နစ်နာနေရသောကြောင့် ဒုက္ခသည်ဝန်ထုတ်ဝန်ပိုးကို ဆက်မထမ်းနိုင်တော့သည့်အတွက် ပြည်ပမှရိုဟင်ဂျာဒုက္ခသည်တွေကို လက်မခံနိုင်တော့ကြောင်း မလေးရှားဝန်ကြီးချုပ် ယပ်စင်က ပြောကြားလိုက်သည်။

မလေးရှားဟာ ပြည်ပမှရိုဟင်ဂျာတွေရဲ့ ခိုလှုံရာဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာ မလေးရှားနိုင်ငံအတွင်းကို ဝင်ရောက်ဖို့ ကြိုးစားနေသည့် ရာနှင့်ချီသော ရိုဟင်ဂျာတွေကို အဝင်မခံတော့ဘဲ ပြန်လည်မောင်းထုတ်နေပြီဖြစ်ကြောင်းနှင့် ကိုရိုနာကပ်ဘေးကာလအတွင်း မလေးရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားမှလွဲ၍ တစ်ခြားပြဿနာတွေကို လှည့်မကြည့်နိုင်ကြောင်းကို ပါယပ်စင်က တစ်ဆက်တည်း ထည့်သွင်းပြောကြားခဲ့သည်။

မလေးရှားဝန်ကြီးချုပ် ယပ်စင်က မလေးရှားရှိ ရိုဟင်ဂျာများအား တတိယနိုင်ငံတစ်ခုတွင် ပြန်လည်နေရာချထားရေးကိစ္စကို အရှိန်မြှင့်လုပ်ဆောင်ရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို တိုက်တွန်းလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ပိုမိုဖိအားပေးရန် တောင်းဆိုထားသည်။

မိုးထက်ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။