Trending Now

ကချင်ပြည်နယ် ဘောလုံးအားကစားအနေဖြင့် တိုင်းနှင့် ပြည်နယ် ပွဲများတွင် (၃)နှစ်ဆက်တိုက် ဆုတံဆိပ်များအသီးသီး ရရှိထား

Spread the love

ကချင်ပြည်နယ် ဘောလုံးအားကစားအနေဖြင့် တိုင်းနှင့် ပြည်နယ် ပွဲများတွင် (၃)နှစ်ဆက်တိုက် ဆုတံဆိပ်များအသီးသီး ရရှိထား

EPN
မြစ်ကြီးနား၊ ဧပြီ ၃(၂၀၂၀၄)

ကချင်ပြည်နယ် ဘောလုံးအားကစားအနေဖြင့် ယခုနှစ်ကာလများအတွင်း အတိုင်းအတာ တစ်ခုအထိ တိုးတက်လာကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် (၃)နှစ်ဆက်တိုက် ဆုတံဆိပ်များ အသီးသီးရရှိထားကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

(၁၀) စုနှစ်တစ်ခုကြာ တံခွန်စိုက် ဆုတံဆိပ်များဖြင့် ဝေးကွာနေခဲ့ရပြီး၊ ယခုနှစ်ကာလများ အတွင်းမှသာ ပြန်လည် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” (၂၀၀၈) ခုနှစ်လောက်ကဆိုရင် အလွတ်တန်းပြိုင်ပွဲမှာ တံခွန်စိုက်ဆု ရရှိခဲ့တယ်။ အဲ့ဒီကနေ ကချင်ပြည်နယ် အားကစားက အတော်လေး တိမ်ကောခဲ့တယ်။ အခု ၂၀၂၀ ခုနှစ်က စတင်ကာ စီမံချက်ချမှတ်ပြီး ဆပ်ကော်မတီတွေနဲ့ သေချာစနစ်တကျ ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်က စတင်ပြီး တိုင်းနဲ့ ပြည်နယ်ပွဲတွေမှာ ဆုတံဆိပ်တွေ ရရှိလာခဲ့ပါတယ် ” ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ် ဘောလုံးအားကစားအနေဖြင့် ၂၀၂၂ ခုနှစ် U-19  ဘောလုံးပြိုင်ပွဲတွင် စတုတ္ထဆု ၊ ၂၀၂၃ ခုနှစ် U-18 ဘောလုံးပြိုင်ပွဲတွင် တတိယဆု၊U-16 ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် ၂၀၂၄ ခုနှစ်တွင် U-25 ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုတို့ကို အသီးသီး ရရှိထားနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ် အားကစားကဏ္ဍအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ၌ အားကစားနည်း ၁၄ မျိုးတွင် ရွှေတံဆိပ်ဆု ၁၈ခု၊ငွေတံဆိပ်ဆု ၁၈ခုနှင့် ကြေးတံဆိပ်ဆု ၁၅ခု တို့ကိုလည်း ရရှိထားကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။