Trending Now

သာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ လွယ်အိတ်အတွင်းမှ ကျပ်သိန်းခြောက်ဆယ် နီးပါးတန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Spread the love

သာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ လွယ်အိတ်အတွင်းမှ ကျပ်သိန်းခြောက်ဆယ် နီးပါးတန်ဖိုးရှိမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃ (၂၀၂၃)

သာစည်မြို့နယ်တွင် အမျိုးသားတစ်ဦး၏ လွယ်အိတ်အတွင်းမှ ငွေကျပ်သိန်းခြောက်ဆယ်နီးပါး တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ယမန်နေ့ ညနေ ၅နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းအရ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တောင်ကြီးမြို့မှ သာစည်မြို့ဘက်သို့ သန်းဇော်လွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ဘပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၈.၅သိန်း)နှင့် လက်ကိုင်ဖုန်း၁လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သန်းဇော်လွင် (၄၀)နှစ်အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအမှုဖွင့် အရေးယူထားရှိပြီးကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။