Trending Now

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အရံစစ်ရေးပြ ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့

Spread the love

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အရံစစ်ရေးပြ ချီတက်ပွဲ ကျင်းပပြုလုပ်ခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၁

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုဖို့အတွက် စက်တင်ဘာ ၈ ရက်က ပြုံယမ်းမြို့တော်ရှိ ကင်အီဆွန်းရင်ပြင်မှာ အရံစစ်ရေးပြ ချီတက်ပွဲတစ်ရပ်ကို ခမ်းနားစွာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့ အဆိုပါ စစ်ရေးပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သမီးဖြစ်သူနဲ့အတူ တက်ရောက်ကြည့်ရှု့ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးပြချီတက်ပွဲကို ဖိတ်ကြားထားတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် Liu Guozhong ဦးဆောင်တဲ့အဖွဲ့နဲ့ အလက်ဇန်းဒရော့လို့အမည်ပေးထားတဲ့ ရုရှားစစ်ဘက်ဆိုင်ရာ အကအဖွဲ့နဲ့အတူ ရုရှားကိုယ်စာလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကင်တော့ဟန်က “ပြည်သူ့အာဏာကို ပိုမိုစုစည်းပြီး အမျိုးသားရေးအာဏာကို မြှင့်တင်ရန်” မြောက်ကိုရီးယားအစိုးရရဲ့ ဆန္ဒကို အလေးပေးပြောကြားခဲ့ပြီး အာဏာရပါတီဦးဆောင်မှုအောက်မှာ သာယာဝပြောပြီး အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံကို အရပ်သားနဲ့ တပ်မတော်သားတွေ အားလုံးပူးပေါင်းတည်ဆောက်ဖို့ တောင်းဆိုခဲ့ပါတယ်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။