Trending Now

တောင်ပြိုကျပြီး ယာဉ်များသွားလာမှုပိတ်ဆို့ခဲ့ရသည့် ပူတာအို-မချမ်းဘော့-နောင်မွန်းသွား ကားလမ်း‌မှာ ယာဉ်များပြန်လည် သွားလာနိုင်ပြီ

Spread the love

တောင်ပြိုကျပြီး ယာဉ်များသွားလာမှုပိတ်ဆို့ခဲ့ရသည့် ပူတာအို-မချမ်းဘော့-နောင်မွန်းသွား ကားလမ်း‌မှာ ယာဉ်များပြန်လည် သွားလာနိုင်ပြီ

EPN
မြစ်ကြီးနား၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအို-မချမ်းဘော့-နောင်မွန်းသွား ကားလမ်း‌မှာ တောင်ပြိုကျပြီး ယာဉ်များသွားလာမှု ပိတ်ဆို့ခဲ့ရာ ဇွန်လ ၂၇ ရက်မှစတင်ပြီး ယာဉ်များပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်တွင် ဇွန်လအတွင်းမိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇွန်လ ၁၉ ရက်နေ့တွင် လမ်းကမ်းပါးယံပြိုကျမှု၊ လမ်းတံတားထိခိုက်ပျက်စီးမှုများ ဖြစ်‌ပေါ်ခဲ့ပြီး လူနှင့်ယာဉ်ဖြတ်သန်းသွားလာမှု ပြတ်တောက်ခဲ့ရာ ဇွန်လ ၂၇ ရက်နေ့မှ စတင်ပြီး ပုံမှန်အတိုင်းပြန်လည်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” လမ်းကအခုတော့ ကားတွေဆိုင်ကယ်တွေ သွားလို့ရပြီ။ မိုးအရမ်းရွာနေသေးတော့ အဆင်ပြေတာမျိုး မဟုတ်ပေမယ့် အခုတော့သွားလို့ရအောင် ဌာနဆိုင်ရာတွေက လုပ်ဆောင်ပေးထားပါတယ်။ အစကတောင်ပြိုကျပြီး လမ်းတွေပိတ်မိတော့ လူပဲခြေကျင်နဲ့ သွားရတာလေ။အခုတော့ ကားတွေလည်းသွားလို့ရပါပြီ ” ဟု ၎င်းကဆိုသည်။

အလားတူ ဇွန်လ ၁၉ ရက်နေ့ ရေကြီးပြီး နရန်ချောင်းရေ တိုက်စားမှုကြောင့် Boxculvart တံတားချဉ်းကပ်လမ်းပျက်စီးပြီး ယာဉ်ကြီးများဖြတ်သန်းသွားလာမှုပြတ်‌တောက်ခဲ့သည့် နောင်မွန်း-ကဆန်ခူး-ထုံလာ-ခူထီလမ်းသည်လည်း သွားလာနိုင်ပြီဖြစ်ပြီး ဆက်လက်၍ ပိုမိုကောင်းမွန်လာစေရန် ကျေးလက်လမ်းဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဝင်‌ရောက်ပြုပြင်ဆောင်ရွက်သွားမည်ကြောင်းလည်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။