Trending Now

ဂျက်ဖရီစတားရဲ့ ဒေါ်လာ ၁၆ သန်းကျော်တန် အိမ်ကြီးကို မြန်မာရုပ်ရှင်မင်းသမီး စမိုင်းလ်က ဝယ်ယူလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေ

Spread the love

ဂျက်ဖရီစတားရဲ့ ဒေါ်လာ ၁၆ သန်းကျော်တန် အိမ်ကြီးကို မြန်မာရုပ်ရှင်မင်းသမီး စမိုင်းလ်က ဝယ်ယူလိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေ

EPN
မြစ်ကြီးနား၊ သြဂုတ် ၉

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Hidden Hills မြို့မှာရှိတဲ့ ဂျဖရီစတားရဲ့ ၃ ဧက နီးပါးရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကြီးကို မြန်မာရုပ်ရှင်မင်းသမီး စမိုင်းလ်က ဝယ်ယူလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီအိမ်ကြီးဟာ Hidden Hills မြို့မှာရှိတဲ့ အကြီးမားဆုံးနဲ့ အခမ်းနားဆုံး အလှဆင်ထားတဲ့ အိမ်တစ်အိမ်ဖြစ်ပြီး ဂျက်ဖရီစတားက ဒေါ်လာသန်း ၂၀ နဲ့ ရောင်းချမယ်လို့ ဈေးခေါ်ခဲ့ပေမယ့် နောက်ဆုံးမှာ စမိုင်းလ်က ဒေါ်လာ ၁၆.၇ သန်းနဲ့ ဝယ်ယူလိုက်တာလို့ ဆိုပါတယ်။

ဒီသတင်းအပေါ် စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မတွေ့ရှိရသေးပါဘူး။

စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာရှိတဲ့ ရန်ချို ကူကာမွန်ဂါမှာ နစ်ရှည်လများနေထိုင်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်ကဝယ်ထားတဲ့ အိမ်ကြီးတလုံးကိုလည်း ပိုင်ဆိုင် ကြပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။