Trending Now

အမေရိကန်သမ္မတ ဘိုင်ဒင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မျက်နာချင်းဆိုင်တွေ့ဆုံမယ်

Spread the love

အမေရိကန်သမ္မတ ဘိုင်ဒင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မျက်နာချင်းဆိုင်တွေ့ဆုံမယ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ ဘိုင်ဒင် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် လူခြင်းတွေ့ဆုံမှုအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီနေ့ တွေ့ဆုံဖို့ရှိနေတယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံဖြိုးဆဲနိုင်ငံ့ ခေါင်းဆောင်တွေ တွေ့ဆုံမှုဖြစ်တဲ့ (G20) ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ သူတို့နှစ်ဦးဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ရောက်ရှိနေတာဖြစ်ပြီး ထိပ်သီးအစည်းအဝေးမတိုင်မီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုအတွင်းမှာ ထိုင်ဝမ်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေအပြင် နှစ်နိုင်ငံ ပဋိပက္ခဆိုင်ရာ အယူအဆမှန်သမျှကို ပယ်ချနိုင်ဖို့ကြိုးစားသွားမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်ဝမ်အရေးဟာ တရုတ်နဲ့ အမေရိကန်တို့ကြား အငြင်းပွားဖွယ်ရာ ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး အမေရိကန် အောက်လွတ်တော် ဥက္ကဌ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား တင်းမာမှု ပိုတိုးလာခဲ့တာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ မထွက်ခွာခင် ဘိုင်ဒင်က ” အခြားကမ္ဘာ့ခေါင်းဆောင်တွေထက် ကျွန်တော် ရှီရဲ့ အကြောင်းကို ကောင်းကောင်းသိပါတယ် ကျွန်တော်တို့ ရဲ့ကြားမှာ နားလည်မှုလွဲမှားနေတာလဲ သိပ်တော့မရှိပါဘူး နောက် ၂ နှစ်အတွင်းမှာ ကျွန်တော်တို့ ဘယ်လို့ လုပ်ဆောင်သွားမလဲဆိုတာ အဖြေရှာဖို့ပဲ လိုပါတယ်” လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုကို ရပ်တန့်နိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်ရဲ့ အကူအညီရယူသွားဖို့ ပြင်နေတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်က တရုတ်လေ့လာသူ အိုရီနာ ကသုံးသပ်ထားပါတယ်။

— ကိုးကား —
AP
ref; Biden, Xi to meet face-to-face amid superpower tensions

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။