Trending Now

ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကုန်ကျစရိတ်များကို ဆိုက်ပရပ်စ်အစိုးရကျခံမည်

Spread the love

ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ကုန်ကျစရိတ်များကို ဆိုက်ပရပ်စ်အစိုးရကျခံမည်

EPN
နိုင်ငံတကာ၊ မေ ၂၈

ခရီးသွားလုပ်ငန်းကို အားပေးရန် တိုင်းပြည်သို့ လာရောက်လည်ပတ်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မည်သူကိုမဆို အားလပ်ရက် ကုန်ကျစရိတ်များ ကျခံမည်ဟု ဆိုက်ပရပ်စ်နိုင်ငံက ကတိပြုလိုက်သည်။

အစီအစဉ်သစ်အရ ကိုဗစ်-၁၉ လူနာများ၊ ၄င်းတို့၏ မိသားစုဝင်များအတွက် ဆေးဝါး၊ တည်းခိုရေးနှင့် အ စားအသောက်ကို ဆိုက်ပရပ်စ်အစိုးရက ကျခံမည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများက လေဆိပ်ကူးပြောင်းခများ၊ လေယာဉ်ခများသာ ကုန်ကျမည်ဖြစ်သည်။

တိုင်းပြည် ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိသော ခရီးသွားလုပ်ငန်းအပေါ် ကြီးမားစွာ မှီခိုနေသည့် ဆိုက်ပ ရပ်စ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ ပြန်လည်ဆွဲဆောင်ရန် အဆိုပါအစီအစဉ်ကို ယမန်နေ့က ကြေညာခဲ့ခြင်း ဖြစ်သည်။

ဆိုက်ပရပ်စ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၀၀၀ အောက်နှင့် သေဆုံးသူ ၁၇ ဉီးသာရှိကြောင်း အချက်အလက်များအရ သိရသည်။ ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကမ္ဘာလှည့်ခရီးသွားများအတွက် ခုတင်-၁၀၀ ဆေးရုံတစ်ခု အဆင်သင့် စီစဉ်ထားသလို ကူးစက်လူနာ၏ မိသားစုဝင်များအတွက် သီးသန့်ဆေးရုံများ ဆောင် ရွက်မည်ဖြစ်သည်။

ခရီးသွားအားလုံး ဆိုက်ပရပ်စ်နိုင်ငံမှ မထွက်ခွာမီ သုံးရက်ကြိုတင်၍ စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး လေယာဉ်မတက်မီ ၄င်းတို့ကို ကျန်းမာကြောင်းထောက်ခံစာ ပေးအပ်မည်ဖြစ်သည်။

ဂျာမနီ၊ ဂရိနှင့် မော်လ်တာ အပါအဝင် တိုင်းပြည်အချို့မှ အားလပ်ရက်အပန်းဖြေသူများအတွက် ဇွန်လ ၉ ရက်တွင် ဆိုက်ပရပ်စ်နိုင်ငံတစ်ဝန်းရှိ လေဆိပ်များကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

ဆိုက်ပရပ်စ်နိုင်ငံသို့လာရောက်သည့် ခရီးသွားများ၏ ထက်ဝက်ကျော်ဖြစ်သည့် ရုရှားနှင့် ဗြိတိန်မှ ကမ္ဘာ လှည့်ခရီးသွားများ ဇူလိုင်လအတွင်း ပြန်လည်လာရောက်မည်ဟု မျှော်မှန်းရသည်။

“ကျွန်တော်တို့ အကောင်းဆုံးကြိုးပမ်းနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေလုပ်ဆောင်ဖို့ ကျွန် တော်တို့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆာဗက်ပါဒီယို့စ်က ပြောသည်။

ဥရောပတိုက်၏ နွေရာသီမတိုင်မီ နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ပြုရန် စည်းမျဉ်းသစ်များ အ ကောင်အထည်ဖော်ဆောင်မည့် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည့် သြစတြီးယား၊ ဘူလ်ဂေးရီးယား၊ ခရို အေးရှား၊ ဂျာမနီ၊ ဂရိ၊ အီတလီ၊ မော်လ်တာ၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယားနှင့် စပိန်တို့ပါဝင်သည့် ဉရောပတိုင်းပြည် ၁၁ ခုတွင် ဆိုက်ပရပ်စ်နိုင်ငံလည်း ပါဝင်သည်။

–ကိုးကား–
သည်နေရှင်နယ်
Ref; Cyprus will pay holiday costs for any tourist who tests positive for Covid-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။