Trending Now

ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် နှစ်ခုတွင် နှစ်ရက်လျင် တစ်ကြိမ်သာ လျှပ်စစ်မီးရတော့မည်

Spread the love

ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ် နှစ်ခုတွင် နှစ်ရက်လျင် တစ်ကြိမ်သာ လျှပ်စစ်မီးရတော့မည်

EPN
မြစ်ကြီးနား၊ မတ် ၆

ကချင်ပြည်နယ် ပူတာအိုမြို့နယ် နှင့် မချမ်းဘောမြို့နယ်တို့အား လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေသည့် အထက်နမ့်ထွမ်လျပ်စစ်ဓါတ်အားပေး စက်ရုံ ချောင်းရေစတင်ခမ်းခြောက်လာသောကြောင့် အလည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီး ရရှိတော့မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ချောင်းရေရှိနေရင်တော့ မီးက ပုံမှန်လာတယ် ချောင်းရေက တစ်ရက်ထက်တစ်ရက် ခမ်းလာတော့ မီးက ပုံမှန်မလာတော့ဘူး အခုဆို မတ်လ ၃ ရက်နေ့ကနေ စပြီးတော့ နှစ်ရက်ကို တစ်ကြိမ်ပဲ မီးလာတော့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်နမ့်ထွမ်ရေးအာလျှပ်စစ်ရုံတွင် တပ်ဆင်ထားသည့် ၈၀၀ ကီလိုဝပ်ဓါတ်အားထုတ်လုပ်စက် လေးလုံးရှိသည့်အနက် စက်တစ်လုံးတည်းဖြင့်သာ လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနေရသဖြင့် ပူတာအို၊ မချမ်းဘော ရပ်ကွက်များနှင့် ကျေးရွာများတွင် နှစ်ရက်ခြားတစ်ကြိမ် အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင်တော့ မည်ဖြစ်ကြောင်း ပူတာအိုမြို့နယ် အီးပီစီရုံးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အလည့်ကျ လျှပ်စစ်မီးပေးသည့် စနစ်ကို မတ်လ ၃ ရက်နေ့မှ စတင်နေပြီဖြစ်ပြီး ယင်းမတိုင်မီက ပူတာအိုမြို့တွင် တစ်ရက်လျှင် နံနက် ၉ နာရီခန့် မှ ည‌နေ ၅နာရီထိ တစ်ကြိမ် ည ၈ နာရီခွဲမှ နံနက် ၅နာရီအထိ တစ်ကြိမ် အချိန်ပိုင်းဖြင့်သာ ရရှိကြောင်း သိရသည်။

ပူတာအိုမြို့နှင့် အနောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည့် အထက်နမ့်ထွက်ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၈ ခုနှစ် ဇွန်လတွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ပြီး ပူတာအိုမြို့၊ မချမ်းဘော့မြို့နှင့် ကျေးရွာပေါင်း ၂၅ ရွာ မှ အိမ်ထောင် စုစုပေါင်း ခြောက်ထောင်ကျော်အထိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေပေးနေကြောင်း သိရသည်။

ဝလုံး

photo – crd


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။