Trending Now

ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကောင်းခါးအဖွဲ့ အတည်ပြု

Spread the love

ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ကောင်းခါးအဖွဲ့ အတည်ပြု
 

EPN
ရန်ကုန်၊ မတ် – ၂၆

ရှမ်း(မြောက်)ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသ၌ ကျပ်ဘိလီယံ ရာနှင့်ချီ၍ မူးယစ်ဆေးဝါး၊ လက်နက်ကြီး၊ လက်နက်ငယ်များ ကျပ်ဘီလီယံ ရာချီဖမ်းမိသည့်ကိစ္စရပ်နှင့်ပတ်သက်ပြီး ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင် အချို့ကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကောင်းခါးပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မူးယစ်ကိစ္စနဲ့ ပတ်သက်တယ်လို့ ယူဆရတယ်။ ခေါင်းဆောင်ပိုင်းအချို့ကို ဖမ်းထားတာပါ”လို့ ကောင်းခါး ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်အပေါ် တပ်မတော်ခေါင်းဆောင်တစ်ဦးက ကောင်းခါးဒေသမူးယစ်ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းပေးရန် ပျက်ကွက်မှုစသည့်တို့နှင့် ဆောင်ရွက်ရန်ရှိကြောင်းဆိုပါတယ်။

အလားတူ ကောင်းခါးဒေသ၌ ဖမ်းမိသည့် မူးယစ်ထုတ်လုပ်ပစ္စည်းများ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ပစ္စည်းများကို တပ်မတော်က မြန်မာနိုင်ငံ၌ အခြေစိုက်သည့် စစ်သံမှူးများကို ခေါ်ယူပြသမှုလည်း ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အဆိုပါခရီးစဉ်အတွင်း၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက မူးယစ်ဖြစ် စဉ်နှင့်ပတ်သက်၍ ဥပဒေအထက်တွင် မည်သူမျှမရှိစေရကြောင်း မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

#EPN #ကောင်းခါး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။