Trending Now

ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ကိုဗစ်ဆေးဝါးနှစ်မျိုးကို တရုတ်နိုင်ငံက အတည်ပြု

Spread the love

ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ ကိုဗစ်ဆေးဝါးနှစ်မျိုးကို တရုတ်နိုင်ငံက အတည်ပြု

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၃၀

တရုတ်နိုင်ငံမှာ ကိုဗစ် ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေအသုံးပြုဖို့အတွက် ပြည်တွင်းထုတ် သောက်ဆေးနှစ်မျိုးကို အတည်ပြုလိုက်ကြောင်း အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲရေးအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

အတည်ပြုလိုက်တဲ့ ဆေးဝါးနှစ်မျိုးဟာ ကိုဗစ်ကူးစက်မှု အပျောစား မှ အလယ်အလတ် အခြေအနေအထိ အရွယ်ရောက်ပြီးသူ လူနာတွေကို ကုသရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဆေးနှစ်မျိုးဟာ Simcere Pharmaceutical Group က ထုတ်လုပ်တဲ့ ဆေးဝါးတွေဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလအစောပိုင်းမှာ တရုတ်အဏာပိုင်တွေက ကိုဗစ်စည်းမျှည်းတွေကို ရုတ်တရက် ရုပ်သိမ်းလိုက်တဲ့အတွက် နိုင်ငံတစ်ဝှမ်း ကူးစက်မှုပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာတာနဲ့ အမျှ ကျန်းမာရေးအဏာပိုင်တွေဟာ ကိုဗစ်ကုသမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ လျင်လျင်မြန်မြန်လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

— ကိုးကား —
reuters
ref; China approves two domestically developed COVID drugs

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။