Trending Now

အမျိုးသားတစ်ဦး အိမ်အတွင်းရှိနေစဉ် လူငယ်တစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်သတ်မှု ဖားကန့်တွင် ဖြစ်ပွား

Spread the love

အမျိုးသားတစ်ဦး အိမ်အတွင်းရှိနေစဉ် လူငယ်တစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်သတ်မှု ဖားကန့်တွင် ဖြစ်ပွား

EPN
မြစ်ကြီးနား ၊ မေလ ၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က လူငယ် တစ်စုမှ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် (၃) ချက်ပစ်သတ်ပြီးနောက် ထွတ်ပြေးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူအမျိုးသားမှာ ဦးတင်မော်ဆိုသူဖြစ်ပြီး နေအိမ်၌ရှိနေစဉ် လူငယ် တစ်စုမှ စုဖွဲ့ကာ နေအိမ်သို့ဝင်ရောက်လာပြီး သေနတ်ဖြင့် (၃)ချက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားရှိဒေသခံများထံမှ သိရသည်။

” သေဆုံးသူက အနောက်ကုန်းက ဦးတင်မော်ဆိုသူဖြစ်တယ်၊ သူကအိမ်မှာ နေနေတဲ့အချိန် လူငယ် ၃ ၊ ၄ ယောက်လောက်က ရောက်လာပြီး ပစ်သတ်သွားခဲ့တာ၊ သေနတ်က စုစုပေါင်း ၃ချက်ပစ်သွားခဲ့တာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်”ဟု ၎င်းကပြောသည်။

သေဆုံးသူမှာ အသက် ၆၀ အရွယ်ရှိ ဦးတင်မော်ဆိုသူဖြစ်ပြီးပျူစောထီးအဖွဲ့ဝင် ဒလန်ဟု စွပ်စွဲခံရကာ ပစ်သတ်ခဲ့ရခြင်းဖြစ်သည့်ဟု ယူဆကြောင်း ဒေသခံတစ်ဦးကပြောသည်။

အလားတူ ဖြစ်စဉ်များကိုဖားကန့်မြို့နယ်တွင် ၂၀၂၁ ခုနှစ် နိုင်ငံတော်အစိုးရ အပြောင်းအလဲ နောက်ပိုင်းတွင် မကြာခဏဖြစ်ပွားလေ့ရှိပြီး ဧပြီလ ၁၁ ရက်နေ့ည၈ နာရီခန့်ကလည်း ဖားကန့်မြို့နယ် အေးမြသာယာ ဆန်းကြွယ်ရပ်ကွက်တွင် ဒလန်ဟုစွပ်စွဲကာ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။